" မြတ်နိုးမိသည်မှ အပ " အပိုင်း ~~~ 12

1K 73 0
                                    

" မြတ်နိုးမိသည်မှ  အပ "

အပိုင်း ~~~  12

ဒီနေ့တော့ ဘာဖြစ်တရ်မသိဘူး ... တော့ပိုကီ အစပ် ကို အရမ်းနဲ့မှကိုစားချင်နေတာ .. ဆိုင်ကယ်သော့ကိုယူပြီး အပြင်ထွက်မလို့ရှိသေး ....

" အပြင်က ထွက်ပြန်ပြီလား နိုဘန် ... ငါမွေးထားတာ သမီးမိန်းကလေးနော် ... မိုးလင်းမိုးချုပ် အပြင်ပဲထွက်နေတရ်.. ကျောင်းရက်ရှည်ပိတ်ရင် Company မှာ အလုပ်ဝင်လုပ်တော့ နိုဘန် ... "

" Daddy ... အက်ကြောင်းထပ်တဲ့ ဓါတ်ပြားက ဖွင့်လို့မပြီးသေးတာလား ... "

" ငါက နင့်ကို မိတဆိုးလေးမို့ အလိုလိုက်ထားတာလေ .. ဒီလိုလေလွင့် ပျက်စီးနေဖို့မဟုတ်ဘူး .... "

" တော်ပါတော့ Daddy  please  ok ... ပွားနေတာတွေ ရပ်ပေးပါ ...ခု အပြင်ထွက်တာ မုန့်သွားစားမလို့ ... ရန်မဖြစ်လာဘူး ... Daddy သိက္ခာ တပြားသားမှ မကြလာစေရဘူး ... "

ကြည်လင်နေတဲ့စိတ်က ဘိုးတော် ပွားနေတာနဲ့ ညစ်သွားပြီ ...
ဆိုင်ကယ်ကို ယူပြီး

*တော့ပိုကီသွားစားတာပဲကောင်းတရ်...စားပြီးရင် သွားနေကျ ကလပ် ကို သွားမရ် ...*

တကိုယ်ထဲတွေးရင်း ခြေလှမ်းတွေက ဆိုင်ထဲကို ဝင်ဝင်ချင်းပဲ မိန်းမတယောက်က တော့ပိုကီ အစပ်တပွဲအချိုတပွဲမှာပြီး မစားပဲ အလှကြည့်နေတော့ .....

" တော့ပိုကီ မှာပြီး မစားပဲ အလှကြည့်နေတော့ နှမြောစရာ ... အစပ်စားနေကြမလား ... အချိုတပွဲကို  ဘန့်ကို ကျွေးပါလား ... "

ဘာရယ်မဟုတ် ထို့မိန်းမကို မြင်မြင်ချင်း စိတ်ထဲရင်းနှီးနေသလိုမို့ ... သူအစပ်ပဲစားတာကို သိသလိုလိုနဲ့ ပါးစပ်က လွှတ်ကနဲ ထွက်သွားတာကို အံသြတဲ့ မျက်လုံးတွေနဲ့မော့ကြည့်ရင်း ......

" နင် ... နင် .. လီဆာလား .. မဟုတ်သေးပါဘူး ... လီဆာတော့မဟုတ်ဘူး ... နင် ဘယ်သူလည်း .. ငါ တော့ပိုကီ အစပ်ပဲစားတရ်ဆိုတာ ဘယ်လိုသိတာလည်း ... "

" မသိဘူးလေ ... ခုမှ မြင်ဘူးတာ ... အစပ်ပဲစားတရ်ဆိုတာ စိတ်ထဲက အလိုလို သိနေလို့ ဒီတိုင်း ပြောလိုက်တာ ..."

" မင်းက ငါ့သူငယ်ချင်းနဲ့ ရုပ်ခြင်းခွဲမရအောင်တာနေတရ်... မင်းကိုတော့ စိတ်ဝင်စားသွားပြီ .. နံမည် ဘယ်လိုခေါ်လည်း ... "

မြတ်နိုးမိသည်မှ   အပWhere stories live. Discover now