"မြတ်နိုးမိသည်မှ အပ " အပိုင်း ~~~ 17

970 66 0
                                    

"မြတ်နိုးမိသည်မှ အပ "

အပိုင်း ~~~ 17

" မ .. ဒီနေ့ကိုယ်တို့ရဲ့ ပထမဆုံးရက်နော် ... "

" ဟုတ်တရ်လေ ချာတိတ်... "

" ချာတိတ်လို့ မခေါ်တော့နဲ့လေ ခုက အခြေနေတွေက မတူတော့တာကို ​ပြောင်းခေါ်ပေး ... "

" ဘယ်လိုခေါ်ရမှာလည်း ချာတိတ်ရဲ့ ... "

" မသိဘူး .. " မ" ကြိုက်တာခေါ် ...ကိုယ်လည်းပြောင်းခေါ်မှာ ... "

" omm.. Honey လို့ ခေါ်မရ်... "

" ချစ်လိုက်တာ .. Lady ရာ ... "

" လူကို ကပ်ချွဲနေပြန်ပြီ ... ကဲ.. ထတော့ တို့ Mr. DG နဲ့ ချိန်းထားတာသွားရဦးမရ်... "

" မသွားပါနဲ့လား  Lady ရာ ... ဒီနေ့က Honey တို့ရဲ့ ပထမဆုံးရက်ကို ကြယ်တွေကြည့်ရင်းကုန်ဆုံးမရ်လေ ...  "

" မသွားလို့ ကောင်းပါမလား ...ကြယ်တွေက ဘယ်မှာသွားကြည့်မှာတုန်း Honey လေးရဲ့ ... "

" ကိုယ့်အိမ်ကိုသွားမရ်လေ ... Lady က ကိုယ့်အခန်းထဲကို မရောက်ဖူးသေးဘူးမဟုတ်လား ... ကိုယ့်အခန်းမှာကြည့်လို့ရတရ်...မနက်ကျမှ ကိုယ်ပြန်ပို့ပေးမရ်နော် ... dad နဲ့လည်း မိတ်ဆက်ပေးမရ်... "

" ဖြစ်ပါမလား honey ..တို့...  ကြောက်တရ်...သဘောမတူရင် ဘယ်လိုလုပ်မလည်း ... "

"dad ...သဘောမတူလည်း Lady ကသာ ကိုယ့်လက်ကိုဆွဲထားသ၍
ကိုယ်က lady တယောက်ကိုပဲ မြင်ပြီး ဆက်ချစ်မှာ ... "

ရင်ခွင်ထဲကို ဆွဲသွင်းရင်း နှာခေါင်းလေးကို ညစ်ပြီးပြောလာတဲ့ ချာတိတ် စကားကြောင့် ကျွန်မ မချွေခင်ကပဲ ကြွေမိတော့မရ်ထင်တရ်......
အချစ်ဆိုတာ မချစ်ခင်ကတော့ ဘာမှ မဟုတ်သလိုနဲ့ တကယ်တန်း ချစ်လိုက်မိပြီဆိုရင် ရုန်းထွက်လို့မရအောင် လူကို ပြုစားနိုင်လွန်းတရ်....

~~~~~~~~~~~~~~~~~~~~~~~~~~~~

ချာတိတ်ခေါ်ဆောင်ရာ အိမ်ကိုရောက်တော့ ...
ချာတိတ်တို့ရဲ့ ချမ်းသာမှု့က ကျွန်မ ပိုင်ဆိုင်မှု့နဲ့ယှဥ်ရင် ကောင်းကင်နဲ့ မြေပြင်လို ကွာခြားတရ်...
သူ့ အဖေ သဘောမတူလို့ ကျွန်မနောက်ကို လိုက်ခဲ့မရ်ဆိုရင်တောင် ချာတိတ် အပြည့်အဝမှ ပျော်နိုင်ပါ့မလား ...

မြတ်နိုးမိသည်မှ   အပWhere stories live. Discover now