"မြတ်နိုးမိသည်မှ အပ" အပိုင်း ~~~ 22

944 66 0
                                    

"မြတ်နိုးမိသည်မှ အပ"

အပိုင်း ~~~  22

နေရောင်ခြည်ရဲ့ စူးရှတဲ့ အလင်းရောင်နဲ့ အတူကိုယ်နိုးထလာခဲ့တရ်...
ကိုယ်ငုံကြည့်လိုက်တော့ ရင်ခွင်ထဲမှာ နှစ်ခြိုက်စွာ အိပ်ပျော်နေတဲ့ ကိုယ့်ရဲ့တဦးတည်းသော မဟေသီလေး ....
"မ" အိပ်နေတာကို ခိုးကြည့်နေမိတာ ပစ်မှု့မြောက်လား.....
သေချာတာတခုကတော့ ခနတိုင်းထိုပစ်မှု့ကို ကိုယ်ကျုးလွန်မိမရ်ထင်ပါရဲ့ .....
မ...က ဘယ်သူ့အားကိုးနဲ့ ဘာဖြစ်လို့များ ချစ်ဖို့ ကောင်းနေတာပါလိမ့် !!!!!
သေချာတာတခုကတော့ ထိုအမျိုးသမီးလေးက ကိုယ်နှလုံးသားကို ခုန်စေတက်တဲ့ အကြောင်းပြချက်လေးမို့ ကိုယ့်အသက်ရှုနေချိန်းတိုင်းကို ချစ်တရ် ....

စပြီးချစ်ခဲ့တာကလည်း ကိုယ်ပဲဖြစ်လို့ အဆုံးထိ ချစ်မဲ့သူကလည်း ကိုယ်ပဲဖြစ်ချင်မိလို့  ပိုချစ်တဲ့သူကလည်း ကိုယ်ပဲ ဖြစ်ပါရစေလား .. !!!!!

ထိုအမျိုးသမီးရှိတဲ့ တိုင်းပြည်မှာ လူအဖြစ်မွေးဖွားလာခဲ့ရလို့ ကိုယ် ကျေနပ်တရ်...
ထိုအမျိုးသမီးရဲ့ အချစ်ကို ရလိုလည်း ပိုပြီးမြတ်နိုးတရ်...

ထိုအမျိုးသမီးက ကိုယ့်အတွက်တော့ ဘုရားကပေးတဲ့ ဆုလဒ်တခုမို့ ကောင်းသောဖြစ်တည်မှု့တွေသာ ကြရောက်စေချင်ခဲ့တာ ...
မြတ်နိုးခြင်းနဲ့ အတိပြီးရပါတရ် အမျိုးသမီးရယ် ....

အချိန်ဘယ်လောက်ကြာအောင်ကြည့်နေမိလည်းမသိဘူး ...
ရင်ခွင်ထဲက ထိုအမျိုးသမီး လူးလွန့်လာမှ နဖူးစပ်ကိုအသာနမ်းရင်း ...

" မောနီး အမျိုးသမီး ... မောနီးကစ်လေး ... "

"မောနီး.. ဟန်နီလေး .. နိုးနေတာကို နှိုးလိုက်ရောပေါ့ ... "

ပြောပြီး ကိုယ့်နှုတ်ခမ်းကို တံဆိပ်ကပ်တော့ ကိုယ့်နှလုံးသွေးကြောတွေများ ပေါက်ထွက်ကုန်ပြီလား ....ရင်ခုန်သံက မတည်မငြိမ် ...

"နေပါဦး ... "မ" ရဲ့ ဘယ်သွားမလို့လည်း ...ကိုယ့်နှလုံးခုန်သံကို ပုံမှန်ဖြစ်အောင် လုပ်ပါရစေဦး... "

ပြိုဆင်းလာတဲ့ မျက်နှာကို ဘယ်လက်နက်နဲ့မှ ခုခံကာကွယ်နိုင်စွမ်းမတက်သာပြီ...
ဒီမျက်ဝန်းတွေကြောင့် ဟန်နီအနမ်းတွေကို ခုံမင်တက်လာခဲ့ပြီ ...
ဟန်နီ့အနမ်းတွေကြောင့် ဗျာများသွားတဲ့ကျွန်မက ခုမှ မြှီးကောက်ပေါက် ဆယ်ကျော်သက်တယောက်လို အချစ်နဲ့ညီမျှခြင်းထိုးလို့ ကာရံတွေတောင် ညီညာနေခဲ့ပြီ...
~~~~~~~~~~~~~~~~~~~~~~~~~~~~

မြတ်နိုးမိသည်မှ   အပWhere stories live. Discover now