"မြတ်နိုးမိသည်မှ အပ" အပိုင်း ~~~ 25

1.1K 69 12
                                    

"မြတ်နိုးမိသည်မှ အပ"

အပိုင်း ~~~  25

ဟန်နီဟာ ၁နှစ်ပတ်လည်လုံး မျက်နှာတွေ့ဖို့ ခဲရင်းပေမရ့် သူ့သတင်းတွေကတော့ နားနဲ့မဆံအောင်ကို ကြားနေရတရ်...
Fan တွေအများကြီးရဲ့ ချီးမွမ်းသံတွေက ဆိုရှယ်မီဒီယာပေါ်မှာလည်း ပျံကြဲ ...
Fan girl တွေအပေါ်မှာလည်း လိုအပ်တာထပ် အပြုံးကိုပိုချိုလို့ ...
အဆိုးဆုံးကတော့ ဟိုအဆိုတော်မ IUနဲ့ တွဲနေပြီဆိုတဲ့သတင်းပဲ ...
သူ့တို့နှစ်ယောက်ရဲ့  ပတ်သက်မှု့တွေက ဘယ်အထိများခြေဆန့်နေကြပြီလည်း ....

သဝန်တိုခြင်းတွေက ခေါင်းပြုလာလို့ အချစ်အတွက်နဲ့များ ကျွန်မ အပိုးကျိုးခဲ့လေရော့သလား ...
ခုတော့ ကျွန်မမှာ လွတ်လပ်စွာ သဝန်တိုပိုင်ခွင့်မရှိတော့ဘူးလေ ...

ခပ်ပါးပါးအလွမ်းတချို့နဲ့အတူ ကျွန်မရဲ့ တနေ့တာကို ကုန်ဆုံးဖို့ ကံတရားကိုလည်း လက်မထိုးခြင်ဘူး ....

မညီမျှခြင်းများစွာထဲက အေးစက်တဲ့ ဆက်ဆံရေးတွေကြောင့် ဝေးကွာဖို့ရာ အကြောင်းအရင်းများ လုံလောက်နေလို့များလား ....

တချို့သော တံခါးတွေက သော့မခတ်ထားပေမရ့် ...
ဖွင့်ဖို့ရာလည်း မလွယ်ကူခဲ့ဘူး ....

လွယ်ကူစွာမေ့နိုင်ဖို့ရာ ကြယ်တွေကြွေတိုင်းလည်း ဆုမတောင်းဖြစ်ခဲ့ပါဘူး ....

အလွမ်းတွေ ပြန့်ကြဲ ဖရိုဖရဲနဲ့ ကျွန်မ နေသားမကြသေးဘူးရယ် ....

~~~~~~~~~~~~~~~~~~~~~~~~~~~~

"Jen.. နင်အဆင်ပြေရဲ့လား ... "

" အဆင်တော့ ပြေမနေဘူးရယ် ... "

"အေးလေ .. သူက ဘာလည်း ... မတွေ့တော့လည်းမတွေ့ရလို့ ခုတွေ့ပြန်တော့လည်း မျက်စိကိုနောက်နေရောပဲ ... ဒါနဲ့ အဲ့ဒီ IU နဲ့ သတင်းတွေ ထွက်နေတာ နင်သိလား ... "

"omm.. "

ရှေ့မှာမြင်နေရတဲ့ မြင်ကွင်းကို ဆက်မကြည့်ချင်တော့တာမို့ လှည့်ထွက်လာခဲ့တရ်....

သူနဲ့ အာ့အဆိုတော်မနဲ့က ဘယ်လို ပတ်သက်မှု့မျိုးဆိုတာ ကျွန်မ မသိပေမရ့် ကြောငြာရိုက်တဲ့ ၂ရက်အတွင်းမှာပဲ ပန်းစည်းတွေပို့ပေးရတာနဲ့ ကော်ဖီကားကို ပို့ပေးရတာနဲ့ မနက်ဆိုလည်း လာပို့  ညနေပြန်လည်းလာကြိုနဲ့ ...

မြတ်နိုးမိသည်မှ   အပWhere stories live. Discover now