" မြတ်နိုးမိသည်မှ အပ " အပိုင်း ~~~ ၃

951 75 4
                                    

" မြတ်နိုးမိသည်မှ အပ   "

အပိုင်း ~~~  ၃

အမှန်တော့ ကျွန်မက သူတို့ခုံရဲ့ နောက်ဘက်မှာပါ... သူမတို့နှစ်ယောက် ပြောတာတွေကိုလည်း အတိုင်းသားကြားနေရတရ်....

ကျွန်မ ထိုင်ရာက ထ တော့ .. ချယ်ယောင်းက ..
သွားထားတော့မှာလားဆိုတဲ့ အဓိပါယ်နဲ့ .. မျက်ခုံးပင့်ပြတရ်...
ကျွန်မ ချယ်ယောင်း အမေးကို အသာအယာပဲ ခေါင်းငြိမ့်ပြရင်း ထွက်လာခဲ့တရ် ....

တလှမ်း .... နှစ်လှမ်း.... သုံးလှမ်း....

အဲ့ဒီခြေ သုံးလှမ်းစာက ကျွန်မ အတွက်တော့ နေမဝင် အင်ပါယာကို သိမ်းပိုက်ဖို့ စစ်ချီထွက်နေတဲ့ စစ်သူကြီးတယောက်ရဲ့ အသွင်မျိုးနဲ့လေ ...

သူမရဲ့ အနားရောက်လေ.. သူမ မျက်နှာကို မြင်ရလေ.. သူမရဲ့ မျက်ဝန်း နက်နက်တွေကိုကြည့်မိလေ ..ကျွန်မစိတ်တွေက သူမဆီကို သေသေသပ်သပ် ပျော်ဝင်စီးဆင်းလေပဲ.......

သူမကလေ.. ကျွန်မအတွက်တော့ တော်ရုံ ကာရံတွေနဲ့ တွဲဖက်လို့ မရတဲ့ ကဗျာတပုဒ်ရယ်ပါ ....
~~~~~~~~~~~~~~~~~~~

"  လီဆာ .. ညဘက်ကြီး ဘယ်ကပြန်လာတာလည်း... "

" ငါ့ရဲ့ အသက်ဗူးလေး ဆီကလေ .. ဘာလို့ .. အဖောင်း... "

"နင်ကလည်း ညဘက်ကြီးကို .. ဘာသွားလုပ်တာလည်း ... "

" ငါ.. ပေးစရာရှိတာ သွားပေးတာလေ .. ဟီးးဟီးးး ..."

" နင်ကတော့လေ .. ဆေးကိုမမှီတော့ဘူး .... "

" အေး... နင်ပြောလည်း ငါခံရမှာပဲ .. ဒီနေ့လေ .. သူ့ကို အနီးကပ်တွေ့လိုက်ရတော့လေ .. ငါ...ငါ... ရင်တွေခုန်လိုက်တာဟာ ... "

" သူရဲ့ မျက်ဝန်းနက်နက်လေးတွေက စွဲဆောင်မှု့ အရမ်းရှိတာပဲ .. နောက်ပြီး.. သူ့မျက်ခွံပေါ်က မှဲ့နက်လေးလေ .. ငါကို ညို့ယူဖမ်းစားလိုက်သလိုပဲ...
သူ့ရဲ့ အပြုံးကြည်ကြည်လေးကို မြင်တော့ .. သေချာတရ်... ငါ ... ဘယ်ကိုမှ ရုန်းမထွက်ချင်အောင် သူ့ရှေ့မှာ ဒူးထောက် ကျရှုံးချင်လာမိတရ်.. အဖောင်းရယ် ... "

"WOW...... လာလီဆာ ... ဒိုင်တွေက လန်းလှချေလား .... "

" မနောက်နဲ့နော် အဖောင်းမ ... နင်နဲ့ ငါ ဘောင်ချာမစုတ်ချင်ဘူးရယ် ... ရင်ဘတ်ကြီးနဲ့ ခံစားပြီးပြောပြနေတာကို .... "

မြတ်နိုးမိသည်မှ   အပWhere stories live. Discover now