Ep-18(Unicode)

14.4K 776 23
                                    

နှောင်းဟန်နီနဲ့ပွဲမှာပြဿနာဖြစ်ပြီးကတည်းကမတွေ့ရတော့ဘူး။အခုရက်ပိုင်းလည်းနှောင်းခံစားချက်တွေမကောင်းဘူးဖြစ်နေတယ်။တစ်ခုခုဖြစ်တော့မယ်ဆိုတာသိနေတယ်။နှောင်းတွေးနေတုန်းအိမ်အောက်ကနေအော်သံတွေကြားလ်ို့ပြေးဆင်းသွားတော့..

"ဘာဖြစ်တာလဲ..ဟင်အကိုခတ်ဘာဖြစ်တာလဲ။ကားသွားထုတ်မြန်မြန်''

"အကိုခတ်သတိထားပါဉီး''

နှောင်းအောက်ဆင်းလာတော့အကိုခတ်ကsofaဘေးနားမှာမေ့လဲနေတယ်‌လေ။

နှောင်းတို့အမြန်ဘဲအကိုခတ်ကိုဆေးရုံပို့ရတော့တယ်။ကိုကြီးကိုဖုန်းခေါ်တော့လည်းမကိုင်ဘူး။ဟိုရောက်တာနဲ့အကိုခတ်ကိုဆေးရုံကုတင်ပေါ်တင်ပြီးဆရာဝန်ကစမ်းသပ်တယ်။

"ကျွန်တော့်အကိုဘာဖြစ်တာလဲဆရာ''

"သူshockဖြစ်သွားတာ။သူတစ်ခုခုကိုတွေ့ပြီးထိပ်လန့်သွားတာ။ဂရုစိုက်ပေးပါလူနာကအစကတည်းကနှလုံးရောဂါရှိနေတော့မကောင်းဘူးအဲ့လိုဖြစ်တာ။''

"ဟုတ်ကဲ့''

နှောင်းဆရာဝန်ထွက်သွားတော့အိမ်တော်ထိန်းကိုမေးလိုက်တယ်။

"အကိုခတ်ဘာဖြစ်တာလဲအိမ်တော်ထိန်းကြီး''

"ဟို....ဒီဖုန်းကြည့်နေရင်းမေ့သွားတာပါ''

နှောင်းကမ်းပေးလာတာလဲဖုန်းကိုယူပြီးကြည့်လိုက်တော့စိတ်တွေတိုလာတယ်။

ခွမ်းးးးးးးးးးးးးးတောက်

ဖုန်းထဲကvideoမှာကိုကြီးကကောင်မလေးတစ်ယောက်နဲ့အိပ်နေတဲ့ပုံဖြစ်နေတယ်။ကိုကြီးလက်မှာအိပ်နေတဲ့ကောင်မလေးကိုကြည့်လိုက်တော့ဟန်နီရဲ့သူငယ်ချင်းသူဇာဆိုတဲ့မိန်းမဖြစ်နေတယ်။ဒါဟန်နီလက်ချက်ဘဲ။

"ငယ်လေးး''

"ဟင်အကိုခတ်သတိရပြီးလားး''

နှောင်းအကိုခတ်ဆီသွားပြီးဖက်လိုက်တော့ငိုလာတော့တယ်။

"အီးဟီးးးးသူအက်ို့က်ိုမချစ်တော့ဘူး''

"မဟုတ်ပါဘူးအကိုခတ်ရယ်ကိုကြီးကသိပ်ချစ်တာအကို့က်ိုအဲ့ကြောင့်မငိုပါနဲ့''

Toxic Love(Complete)(Season 1)Where stories live. Discover now