Ep-24(Unicode)

14.6K 834 83
                                    

သက္ကရာဇ်သည်းငယ်ကိုဆိုင်ထဲကနေချီလာခဲ့လိုက်တယ်။ကားနားရောက်တော့

"Davidကားတံခါးဖွင့်''

"ဟုတ်Boss''

သက္ကရာဇ်ကားနောက်ခန်းမှာဝင်ထိုင်လ်ိုက်တယ်။သည်းငယ်ကိုတော့ပေါင်ပေါ်မှာဘဲချီတင်ထားတယ်။သည်းငယ်ကိုငုံကြည့်တော့မျက်နှာတစ်ခုလုံးကနီနေတော့သက္ကရာဇ်လန့်သွားပြီး......

"သည်းငယ်တော်တော်နာနေတာလားခနလေးဘဲနော်ခနလေးဘဲအခုတော့တစ်ချက်လေးအိပ်လိုက်နော်။''

သက္ကရာဇ်ကားမောင်းနေတဲ့davidကို

"​​ဆေးရုံကိုမြန်မြန်မောင်းရှိသမျှမီးပွိုင့်တွေအကုန်ကျော်ပစ်ပြီးမှငါရှင်းမယ်။ငါ့သည်းငယ်အရေးကြီးတယ်''

နှောင်းတစ်ယောက်အခုထိစိတ်နဲ့လူနဲ့မကပ်သေးဘူး။ဆေးရုံဆိုတဲ့အသံကြားတော့မှ

"ဟိုနှောင်းဆေးရုံမသွားဘူး''

"သည်းငယ်နေမကောင်းဘူးလေ၊ဗိုက်အောင့်နေတယ်လေသည်းငယ်''

"အဲ့တာက..ဟို..မနက်ကတည်းကဘာမှမစားရသေးတော့အဲ့တာကြောင့်''

"ဘာ..အခုထက်ထိဘာမှမစားရသေးဘူးလား''

နှောင်းသူ့ရဲ့ဘာဆိုတဲ့အသံကြားပြီးလိပ်ပြာတောင်ကလူကလူဆိုပြီးပြန်ခေါ်ရတော့မဲ့အခြေအနေရောက်သွားတယ်။

"ဟုတ်ကဲ့''

"Davidစားသောက်ဆိုင်ကိုအခုမောင်း''

"ဟုတ်Boss''

နှောင်းသူ့ကိုပေါင်ပေါ်တင်ထားတဲ့လူကြီးကိုကြည့်ပြီး

"ဟို..နှောင်းကိုအောက်မှာဘဲထိုင်မယ်လေ''

သက္ကရာဇ်သူ့ပေါင်ပေါ်ကနေဆင်းချင်နေတဲ့သည်းငယ်က်ိုပိုပြီးတင်းကျပ်အောင်ဖက်လ်ိုက်ပြီး

"မရဘူးအောက်ဆင်းထိုင်ရင်ကားခုန်ရင်ကိုယ့်ရဲ့သည်းငယ်ဗိုက်အောင့်လိမ့်မယ်။ဒီအတိုင်းဘဲနေမလှုပ်နဲ့''

"ဟုတ်''

ကားအ​ကောင်းစား​ကြီးကတစ်ခါမှခုန်တာမ​ကြားဖူးပါဘူး။တစ်ယောက်ယောက်လာပြီးမကူညီကြတော့ဘူးလား။ဟိုလင်မယားကိုချေထားသမျှဒီလူကြီးရှေ့ရောက်ရင်နှောင်းရဲ့အချေimageတွေလညးပျောက်ကုန်​ပြ။နောက်တစ်ခါကျရင်ဝေးဝေးရှောင်မှရမယ်။နှောင်းတွေးနေတုန်းမှာဘဲဆိုင်ရှေ့ရောက်တော့ကားရပ်သွားတယ်။

Toxic Love(Complete)(Season 1)Where stories live. Discover now