နှောင်းဧည့်ခန်းထဲမှာထိုင်ပြီးတွေးနေမိတယ်။နှောင်းကိုဟိုလူကြီးရည်းစားစကားပြောပြီးကတည်းကအပြင်မထွက်တာနှစ်ရက်လောက်ရှိပြီး။အကယ်၍အပြင်ထွက်ရင်အဲ့လူကြီးကိုတွေ့မှာကိုကြောက်လွန်းလို့။အကြောက်ဆုံးကတော့သူ့မျက်လုံးကြီး။လူကိုသတ်တော့မဲ့အတိုင်းဘဲစိုက်ကြည့်နေတာ။နှောင်းအတွေးလွန်နေတဲ့အချိန်....
"ငယ်လေးးး''
"အကိုခတ်''
"ဘာတွေစဉ်းစားနေတာလဲ''
"ဟင့်အင်းးဘာမှမစဉ်းစားပါဘူး''
"အင်းးးအပြင်မထွက်တာကြာပြီးနော်ငယ်လေး''
"ဟုတ်တယ်နှောင်းအပြင်သိပ်မထွက်ချင်လို့''
"ဟုတ်ပါပြီး''
"ဘယ်သွားဖို့လဲအက်ိုခတ်က''
"ဒါလင်နဲ့သွားလည်မလို့လေ''
"သွားပါသွားပါ''
"ဟီးဟီးးးသွားပြီးနော်''
နှောင်းအကိုခတ်နောက်ကျောကိုကြည့်ပြီး
"ရည်းစားရှိတဲ့သူတွေများတစ်ချိန်လုံးသွားနေရော၊ငါ့လိုမျိုးလိမ်လိမ်မာမာနေတာမဟုတ်ဘူး''
နှောင်းကြာတော့အိမ်ထဲမှာဘဲနေရတာပျင်းလာတော့မုန့်သွားမယ်ဆိုပြီးအပြင်ထွက်လာခဲ့လိုက်တယ်။ဆိုင်ရောက်တော့ထောက်ဆုံးဝိုင်းမှာထိုင်ပြီးစားချင်တာတွေမှာလိုက်တယ်။နှောင်းစားနေတုန်းမှာဘဲ
"နှောင်းလွန်းငယ်''
ဟန်နီပီဇာစားချင်လို့ဆိုင်ကိုလာတာ။ရုတ်တရက်ထောင့်နားမှာထိုင်နေတဲ့နှောင်းလွန်းငယ်ကိုတွေ့တော့သူဆီက်ိုလျှောက်သွားလ်ိုက်တယ်။
နှောင်းနာမည်ခေါ်သံကြားလို့မော့ကြည့်လိုက်တော့တကယ်ဘဲစားနေတဲ့ပီဇာတောင်ချီးနံ့ နံ့သွားတယ်။
"တို့ထိုင်မယ်နော်''
"ဟင်းးးခင်ဗျားကကျွန်တော့်နာမည်တော်တော်ကြိုက်တယ်ထင်တယ်။ခင်ဗျားကျွန်တော့်နာမည်ကိုအဲ့လောက်တောင်ကြိုက်နေရင်လည်းခင်ဗျားလင်နဲ့ရတဲ့ကလေးကိုနှောင်းလွန်းငယ်ဆိုပြီးနာမည်ပေးလိုက်။ပြီးရင်တစ်နေကုန်ခင်ဗျားသားကိုကြည့်ပြီးသားနှောင်းလွန်းငယ်ရေ...နှောင်းလွန်းငယ်ရေဆိုပြီးတစ်ချိန်လုံးခေါ်နေလိုက်''
YOU ARE READING
Toxic Love(Complete)(Season 1)
Fantasyဉီးရွေးချယ်မှုသေချာပြီးဟုတ်။ဉီးရွေးချယ်မှုသေချာပြီးဆိုရင်လုံးဝနောင်တမရနဲ့နော်။ကျွန်တော်တို့ဒီနေ့ကစပြီးဘယ်တော့မှမသိခဲ့သလိုဘဲနေကြမယ်။ထွဋ်ဝဏ္ဏဉီးနဲ့နှောင်းလွန်းငယ်တို့နှစ်ယောက်ကဘယ်တော့မှမသိခဲ့ကြဘူးဆိုတာမှတ်ထားပါ။ ကိုယ့်က်ိုမရွေးချယ်တဲ့သူကိုငါဆိုတဲ့နှေ...