Ep-20(Unicode)

16.6K 832 75
                                    

ပြည့်စုံကမဂ်လာဆောင်ကနေထွက်လာပြီးတာနဲ့သဲဆီတန်းလာခဲ့လိုက်တယ်။အခုချိန်‌
လောက်ဆိုသဲအရမ်းစိတ်ဆိုးနေလောက်ပြီး။ချော့ရတော့မယ့်မဟေသီလေးအကြောင်းတွေးမိယုံနဲ့တင်ပြည့်စုံအလိုလိုပြုံးနေမိတယ်။ပြည့်စုံဆေးရုံရောက်တော့သဲအခန်းထဲဝင်သွားတော့သဲကသတိတောင်ရနေပြီး။Sofaပေါ်မှာထိုင်ပြီးတော့အတွေးတွေများနေတဲ့ကျွန်တော့်အသဲလေးးကိုလှမ်းခေါ်လိုက်တော့.....

"သဲ''

ခတ်ဒီနေ့ဒါလင်ရဲ့weddingနေ့ဆိုတာသိတယ်။သူလည်းနောက်ဆုံးကျန်ရစ်ဖြစ်သွားပြီး။သူခတ်ကိုထားသွားပြီး။တစ်သက်လုံးအနားမှာရှိနေမယ်လို့ပြောတဲ့လူကအခုတော့ခတ်မဟုတ်တဲ့အခြားတစ်ယောက်နဲ့လက်ထပ်တော့မယ်တဲ့လေ။ခတ်တွေးနေတုန်းဒါလင်ခေါ်သံကြားလို့မော့ကြည့်လိုက်တော့တကယ်ဒါလင်ဖြစ်နေတယ်။ကိုယ်ပေါ်မှာတော့သတို့သားဝတ်စုံနဲ့လေ။

"ခင်ဗျားဘာလာလုပ်တာလဲ။ကိုယ့်မိန်းမဆီကိုယ်သွားသင့်တယ်''

"အင်းလေကိုယ်လာတာကလည်းကိုယ့်မိန်းမဆီလာတာလေကွာ''

"ဘာ ..ကျွန်တော်ကခင်ဗျားမိန်းမမဟုတ်ဘူး။အခုခင်ဗျားလက်ထပ်ထားတဲ့ဟာမဆီကိုသာသွားစမ်းပါ..အီးဟီးးးးးး''

ပြည့်စုံငိုနေတဲ့သဲဆီကိုသွားပြီးဆွဲဖက်လိုက်တော့ရုန်းလာတယ်။ရုန်းနေတဲ့သဲကိုပြည့်စုံကိုယ်ပေါ်ကိုမတင်လိုက်ပြီးမျက်နှာလေးကိုကိုင်ကာသဲရဲ့အဖိုးတန်မျက်ရည်တွေကိုပြည့်စုံနှုမ်းခမ်းတွေနဲ့သုတ်ပေးနေလိုက်တယ်။ပြီးတာနဲ့......

"ကိုယ့်ကိုကြည့်သဲ......ကိုယ့်နဲ့တစ်ဘဝလုံးလက်တွဲမဲ့လက်တွဲဖော်ကကိုယ့်အရှေ့ကဒီမဟေသီလေးဘဲဖြစ်ရမယ်။ကိုယ်လက်မထပ်ပါဘူးသဲရဲ့''

"ဟင်''

"သဲစိတ်ထင်ကိုယ်ကအဲ့ကောင်မကိုလက်ထက်မယ်ပေါ့။ကိုယ့်သဲရဲ့ခြေသည်းခွံကိုလောက်လိုက်မမှီတဲ့ကောင်မကိုလေ''

"ဟင့်.....တကယ်လားးး''

"ဒါပေါ့..ကိုယ့်သဲနေကောင်းရင်ကိုယ်သတင်းတွေပေးကြည့်မယ်။အခုတော့ကိုယ့်ကိုနမ်းပါဉီးးး၊ကိုယ်လွမ်းနေတာ''

Toxic Love(Complete)(Season 1)Where stories live. Discover now