Ep-19(Unicode)

15.1K 811 56
                                    

နှောင်းစိတ်တိုတိုနဲ့ဘဲအိမ်ပြန်ရောက်တော့ကိုကြီးနဲ့အကိုခတ်ကရန်ဖြစ်နေကြတယ်။

"ဒါလင်ပြောတော့သဲမစွန့်ပစ်ဘူးဆိုဒီဖိတ်စာကဘာတွေလည်း''

"ကိုတောင်းပန်ပါတယ်သဲ။ကိုယ်မှားတာမလို့တာဝန်ယူရမယ်။''

"ခင်ဗျားလည်းစောက်သစ္စာမရှိတဲ့သူဘဲ''

"ကိုယ်တောင်းပန်ပါတယ်သဲရယ်''

အားးးးးးးခွမ်းးးးးးခွမ်းးးးး

"အကိုခတ်မလုပ်ပါနဲ့''

အကိုခတ်ကနှောင်းးကိုကြည့်ပြီးကိုကြီးဖက်လက်ညိုးထိုးကာ.....

"သူတစ်ခြားသူကိုလက်ထပ်တော့မယ်တဲ့သူ့စောက်ပါးစပ်ကပြောတဲ့စကားးး''

"အကိုခတ်ရယ်''

အကိုခတ်ငို​နေတာကိုကိုကြီးကကြည့်နေတယ်လေ။နှောင်းအကိုခတ်ကိုအပေါ်ထပ်ပို့လ်ိုက်ပြီးတာနဲ့ကိုကြီးဆီပြန်လာခဲ့တယ်။အောက်ရောက်တော့ကိုကြီးကsofaပေါ်မှာခေါင်းစိုက်ကာထိုင်နေတယ်။နှောင်းဖိတ်စာကိုစားပွဲပေါ်ပစ်ချလိုက်ပြီးး

"ဒါဘာလဲကိုကြီးး''

"ကိုယ့်ဖိတ်စာ''

"ဘာလဲသေချာပေါက်လက်ထပ်မယ်ပေါ့''

ကိုကြီးကနှောင်းမျက်နှာကိုစိုက်ကြည့်ပြီး

"သေချာပေါက်လက်ထပ်ပွဲလုပ်ရမယ်''

နှောင်းစိတ်ပျက်ပျက်နဲ့အပေါ်ထပ်ကအခန်းထဲကိုဘဲတက်လာလိုက်တော့တယ်။အခန်းထဲရောက်တော့ဖုန်းဝင်လာတယ်။

"Hello''

"တို့သူဇာပါမကြာခင်မင်းအကိုရဲ့ဇနီးဖြစ်လာမဲ့သူ''

"အော်..ယောကျာ်းဆာနေတဲ့သူ​နောက်တစ်​ယောက်ဘဲ''

"မင်းစကားပြောတာမလွန်လာနဲ့နှောင်းလွန်းငယ်။ငါအခုဖုန်းဆက်တာကမင်းကိုတို့ရဲ့weddingလေးဖိတ်ချင်လို့၊ဒါဘဲ''

"တောက်....စိတ်ပျက်စရာကောင်းတဲ့မိန်းမတွေ"

ဟန်နီဖိတ်စာကိုကြည့်ပြီးရီလိုက်တယ်။အရှုံးသမားကြီးဘဲနှောင်းလွန်းငယ်က။ဘာစောက်ဖြစ်မှမရှိတဲ့အကောင်။အခုတော့ဘာတက်နိုင်သေးလဲ။သူဇာကဟိုနေ့ကတွေ့ဆုံပွဲမှာကတည်းကနှောင်းလွန်းငယ်ရဲ့အကိုကိုချစ်မိသွားတယ်ပြောတော့နည်းနည်းပါးပါးလေးအကြံညဏ်လေးပေးလိုက်တယ်လေ။ဟားဟားးးးသူ့ကိုကြီးမနက်ဖြန်လက်ထပ်တော့မယ်။နင်ငါ့က်ိုဘယ်တော့မှမနိုင်ဘူးနှောင်းလွန်းငယ်။နင်ကအမြဲတမ်းအရှုံးသမားသက်သက်ဘဲ။

Toxic Love(Complete)(Season 1)Where stories live. Discover now