"ကျွန်တော်ပြောတာသေချာနားထောင်းနော်''
"အင်းးး''
"ကျွန်တော်ကိုကို့ကိုမချစ်ဘူး''
နှောင်းပြောလိုက်တော့အရှေ့ကကိုကို့မျက်နှာကအရမ်းပျက်သွားတယ်။
"ဒါပေမဲ့..ကိုကိုကမ်းပေးတဲ့လက်ကိုနှောင်းကပြန်ဆုပ်ကိုင်မယ်။ပြီးတော့နှောင်းကိုကို့ကိုချစ်လာအောင်ကြိုးစားမယ်''
သက္ကရာဇ်သူ့ကိုမချစ်ဘူးလို့ပြောလိုက်တဲ့သည်းငယ်ကြောင့်စိတ်ပျက်နေတုန်းဆက်ပြောလာတဲ့သည်းငယ်စကားကြောင့်အရမ်းဝမ်းသာသွားတယ်။
"သည်းငယ်ပြောချင်တာက''
"အင်းးးဒီနေ့ကစပြီးနှောင်းလွန်းငယ်ကရဲ့သက္ကရာဇ်မင်းရဲ့ချစ်သူဖြစ်သွားပြီးး''
"ဟားးးသည်းငယ်ရာ''
သက္ကရာဇ်သူ့အရှေ့ကသည်းငယ်ကိုဆွဲဖက်လိုက်ကာ
"ကိုယ့်ကိုရွေးချယ်လို့ဘယ်တော့မှနောင်တမရစေရဘူး။ကိုယ်သည်းငယ်ကိုအမြဲတမ်းပျော်အောင်ထားမယ်။ဘယ်တော့မှကိုယ့်သည်းငယ်လေးရဲ့တန်ဖိုးရှိတဲ့မျက်ရည်တွေကိုဘယ်တော့မှမကျစေရဘူး။''
နှောင်းသူ့ကိုဖက်ထားပြီးစကားတွေပြောနေတဲ့ကိုကို့ကိုဖက်ကာ
"ချစ်တယ်လို့မပြောနိုင်သေးလို့တောင်းပန်ပါတယ်ကိုကို''
"ဟင့်အင်းးးးဘယ်တော့မှကိုယ့်ကိုမတောင်းပန်နဲ့၊သည်းငယ်ကဘယ်တော့မှကိုယ့်ကိုတောင်းပန်စရာမလိုဘူး။အကယ်၍အမှားရှိရင်တောင်ကိုယ်ကဘဲတောင်းပန်မယ်။သည်းငယ်က ကိုယ့်ရဲ့အဖိုးတန်ရတနာလေးဖြစ်လို့ကိုယ်ကကာကွယ်ပြီးတန်ဖိုးထားမှာ။''
"ကျေးဇူးပါကိုကို၊ပြစ်ချက်ရှိတဲ့ကျွန်တော့်ကိုချစ်ပေးလို့''
သက္ကရာဇ်ဖက်ထားတဲ့သည်းငယ်ကိုယ်လေးကိုမျက်နှာချင်းဆိုင်ဖြစ်အောင်လုပ်လိုက်ပြီးသည်းငယ်ရဲ့မျက်နှာလေးကိုလက်လေးနဲ့ပွတ်ကာ
"ကိုယ့်အတွက်ဘယ်တော့မှသည်းငယ်ကပြစ်ချက်မရှိတဲ့လူသားလေးတစ်ယောက်။အကယ်၍သည်းငယ်ကိုပြစ်ချက်ရှိတဲ့သူလို့ပြောလာခဲ့တဲ့လူတွေကိုလည်းကိုယ်ကခွင့်မလွှတ်ဘူး။ကိုယ်ကသည်းငယ်ကိုပျော်အောင်လုပ်ပေးမှာမလို့အမြဲတမ်းပြုံးနေပေးပါနော်''
YOU ARE READING
Toxic Love(Complete)(Season 1)
Fantasyဉီးရွေးချယ်မှုသေချာပြီးဟုတ်။ဉီးရွေးချယ်မှုသေချာပြီးဆိုရင်လုံးဝနောင်တမရနဲ့နော်။ကျွန်တော်တို့ဒီနေ့ကစပြီးဘယ်တော့မှမသိခဲ့သလိုဘဲနေကြမယ်။ထွဋ်ဝဏ္ဏဉီးနဲ့နှောင်းလွန်းငယ်တို့နှစ်ယောက်ကဘယ်တော့မှမသိခဲ့ကြဘူးဆိုတာမှတ်ထားပါ။ ကိုယ့်က်ိုမရွေးချယ်တဲ့သူကိုငါဆိုတဲ့နှေ...