ကြီးမားခမ်းနားလှတဲ့Companyကြီးထဲကဝန်ထမ်းတွေအကုန်အရှေ့ထွက်လာကြပြီးသူတို့ရဲ့Bossကိုကြိုဖို့စောင့်နေကြတယ်။မကြာခင်မှာဘဲcompanyအရှေ့မှာကားရပ်သွားပြီးထိုကားထဲကနေပြီးသူတို့အရမ်းကြောက်ရတဲ့bossထွက်လာခဲ့တယ်။Bossကတစ်က်ိုယ်လုံးကိုအမဲရောင်ကြီးဘဲဝတ်ထားပြီးမျက်နှာကတစ်ခုခုအလိုမကျတဲ့ပုံစံဖြစ်နေသည်။။သူတို့ရဲ့ကြောက်စရာကောင်းလှတဲ့bossရဲ့နာမည်ကရဲသက္ကရာဇ်မင်းတဲ့။နာမည်မှာမင်းပါတဲ့အတိုင်းအပြင်မှာလဲလူတွေအားလုံးရဲ့မင်းဖြစ်တယ်။
ရဲသက္ကရာဇ်မင်းကတစ်ကမ္ဘာလုံးရဲ့Top1Company ပိုင်ရှင်ဖြစ်တယ်။အသက်က30ရှိပြီးအမြဲတမ်းမျက်နှာကအပြုံးအရီမရှိဘူး။လိုအပ်မှစကားပြောတယ်။လုပ်ငန်းလုပ်ဆောင်ရာမှာလည်းအလွန်ပြတ်သားလွန်းတယ်။သူအမုန်းဆုံးကတော့သစ္စာဖောက်တာ။သူကိုသစ္စာဖောက်ခဲ့ရင်ထိုလူကိုဘယ်တော့မှအသက်ရှင်လျှက်မလွှတ်ထားဘူး။အသားညိုညိုဗလတောင့်တောင့်၊မျက်နှာတည်နေတာတောင်မိမိုက်နေတဲ့ရဲသက္ကရာဇ်မင်းရဲ့ဘေးနားမှာချောမောလှပတဲ့ပျိုမေတွေဝိုင်းဝိုင်းလည်နေရော။ဒါပေမဲ့သူတစ်ယောက်မှစိတ်မဝင်ဘူး။သက္ကရာဇ်ရဲ့အရပ်က6'6''ရှိပြီးGymကစားလွန်းသောကြောင့်တစ်ကိုယ်လုံးကကြွက်သားတွေအများကြီးနဲ့မိမိုက်နေသည်။
သက္ကရာဇ်အခန်းထဲရောက်တာနဲ့အပေါ်ကုတ်ကိုချွတ်ပြီးချိတ်ကာအရှေ့မှာရပ်နေတဲ့davidကိုမေးလိုက်တယ်။
"ငါလုပ်ခိုင်းတာတွေလုပ်ပြီးပြီးလားးး''
"ဟုတ်ကဲ့boss။အကုန်လုံးအဆင်သင့်ပါဘဲ''
"လူရောလွှတ်ထားပြီးပြီးလား''
"ဟုတ်ကဲ့။သခင်လေးဘေးနားမှာစောင့်ကြည့်ဖို့သူတွေအဆင်သင့်ပါဘဲ''
"အင်းးးသွားတော့''
Davidထွက်သွားပြီးတာနဲ့စားပွဲပေါ်မှာရှိတဲ့ဓာတ်ပုံလေးကိုယူကြည့်လိုက်တယ်။ထိုဓာတ်ပုံထဲကကောင်လေးကတော့လှပစွာပြုံးရီနေတယ်လေ။သက္ကရာဇ်ကဘယ်သူကိုမှစိတ်မရှည်ဘူး။သက္ကရာဇ်ဘဝမှာအမြဲတမ်းဉီးစားပေးကအလုပ်ဘဲ။အလုပ်ကလွဲပြီးဘာမှဂရုမစိုက်ဘူး။အချစ်လည်းမရှိဘူး။သူများတွေကတော့သက္ကရာဇ်မင်းကနှလုံးသားမရှိတဲ့သူလို့ပြောကြတယ်။ဟုတ်တယ်သက္ကရာဇ်မှာချစ်တက်တဲ့နှလုံးသားမရှိဘူး။သက္ကရာဇ်ဘဝမှာအချစ်ဆိုတာကိုမလိုအပ်ဘူး။ဒါပေမဲ့အဲ့တာကဒီဓာတ်ပုံလေးထဲကပိုင်ရှင်ကိုမတွေ့ခင်အထိဘဲ။
YOU ARE READING
Toxic Love(Complete)(Season 1)
Fantasyဉီးရွေးချယ်မှုသေချာပြီးဟုတ်။ဉီးရွေးချယ်မှုသေချာပြီးဆိုရင်လုံးဝနောင်တမရနဲ့နော်။ကျွန်တော်တို့ဒီနေ့ကစပြီးဘယ်တော့မှမသိခဲ့သလိုဘဲနေကြမယ်။ထွဋ်ဝဏ္ဏဉီးနဲ့နှောင်းလွန်းငယ်တို့နှစ်ယောက်ကဘယ်တော့မှမသိခဲ့ကြဘူးဆိုတာမှတ်ထားပါ။ ကိုယ့်က်ိုမရွေးချယ်တဲ့သူကိုငါဆိုတဲ့နှေ...