Unicode
''ကိုလေး ထတော့ ဒယ်ဒီဆူရင် မသိဘူးနော် ခုနှစ် နာရီ ကျော်လို့မှ မနက်စာ လာမစားသေးဘူးဆိုရင် ညမလေးလည်း ဝိုင်းမပြောပေးနိုင်ဘူး''လီလော့ သူမ အစ်ကို ကိုတံခါးရှေ့ကနေ အော်ပြောပြီးနောက် အောက်ထပ်ကို ပြန်ဆင်းသွားလိုက်တော့တယ်။ သေချာတာက ခဏနေ သူ့အကိုက အိမ်ပေါ်ထပ်ကနေ ပြေးဆင်းလာတေ့ာမယ် ဆိုတာ
မေးစရာ တောင် မလိုပေ။တံခါးအရှေ့ကနေ လီလော့ အသံကိုကြားတေ့ာမှ အိပ်ရာကနေ ကုန်းထပြီး သူ ရေချိုးခန်းကိုပြေးရတော့တယ်။
စိတ်ထဲကလည်း ခုနှစ် နာရီမကျော်ပါစေနဲ့လို့ ဆုတောင်းရင်းနဲ့ မျက်နှာသစ်တဲ့အမှုကို မြန်မြန်လုပ်လိုက်ရတယ်။သူအောက်ထပ်ကို ဆင်းလာတော့ နဂါးမျက်စောင်းနဲ့ ဒယ်ဒီ့ဆီက အကြည့်ကိုအရင်ဆုံးကြည့်ခံလိုက်ရသည်။"ပါးပါး သားက ညက စာကြည့်များသွားလို့ပါ...ေနာက်တစ်ခါ မဖြစ်စေရဘူး"သူ ပါးပါးဆီကနေ ကြိုပြီး အကာကွယ်ယူကာပြောလိုက်တယ်။
''မြန်မြန်စား အိမ်ရှေ့မှာ ကျောင်းသွားဖို့ ချူးရွှယ် စောင့်နေတယ်'' ကော်ဖီသောက်ရင်းပင် လင်းပါးပါးက ရှီလ် ကိုသတိပေးလိုက်သည်။ ဘေးကနေ''အားရှောင် ဒီနေ့ ရှီလ် အတွက် မုန့်ဖိုးမပေးနဲ့ အိပ်ရာထနောက်ကျတဲ့အတွက်" သွမ်းမုက ပြီတီတီပြုံးကာ ပြောလိုက်ခြင်း။
''ဟွန့်...သားသွားပြီ ပါးပါး မွ...'' ရှီလ် ပါးပါးလင်း ကို ပါးတစ်ဖက်မွှေးပြီးနေက် ကျောင်းသွားဖို့ အိမ်ရှေ့ထွက်လာလိုက်တော့တယ်။ ''ကိုလေး ကိုလေး ညမလေးကို စောင့်ပါဦး...'' လီလော့ သူမအစ်ကိုနောက်ပြေးလိုက်ကာ အသင့်ဖွင့်ထားတဲ့ ကားပေါ် တက်ထိုင်လိုက်သည်။
''ဒယ်ဒီ မောင်းလို့ရပြီ...''ချူးရွှယ်က ကားမောင်းသူနေရာက သူ့အေဖ(ချူးယွီ )ကို ပြောလိုက်၏။ ''ok ခါးပတ် သေချာ ပတ်ထားြကဦး" ချူးယွီ ကလေး သုံးယောက် ကိုကားပေါ်တင်ကာ ရှန်ဟိုင်းရဲ့ လူကုံထံသားသမီးတွေ တက်တဲ့ အထက်တန်းကျောင်းကို မောင်းတော့တယ်။
''ရှီလ် မင်းမျက်နှာလည်း မကောင်းပါလား...မနေ့က ကျောင်းကပြန်လာကတည်းကပဲ ''ကျောင်းကားပေါ်က တိတ်ဆိတ်နေတာကို ချူးရွှယ်က အရင်ဖြိုခွင်းလိုက်သည်။ ''အာ...ငါအဲ့အကြောင်း မပြောချင်ဘူး ''ရှီလ် က သူ မပြောချင်တဲ့အကြောင်းကို ငြင်းဆန်လိုက်တယ်။ လီလော့ သူမလည်း သတိထားမိသလောက် မနေ့က တည်းက သူ့အစ်ကိုက မူမမှန်နေတာ သူမ သတိရသွားကာ''ကိုလေး အသဲကွဲနေတာလား...''
YOU ARE READING
ငါ့သူငယ်ချင်းရဲ့အဖေက ငါ့ယောက်ျား
RomanceBl ကိုယ့်သားရဲ့ သူငယ်ချင်းကို ဖောက်လွဲဖောက်ပြန် ချစ်မိတဲ့ ကိုယ့်နှလုံးသားကလည်း အံ့ဩပါဘိ။ ''ချစ်တယ် ကလေးလေး'' .......................................... ချူးရွှယ် ရှီလ်ရဲ့ အစ်ကိုကြီးက ပြန်လာတာတောင် သူ့ကို မမြင်ချင်ယောင်ဆောင်ကာ စိမ်းစိမ်းကားကားကြည့်လ...