Ep.10

2.4K 145 4
                                    

Unicode.

''ဟူး...ရောက်ပြီ...ဒီငမူးလေးက ငါ့တိုက်ခန်းကို ရောက်ဖူးတဲ့ ပထမဆုံးသူပဲ... ''

တိုက်ခန်း ဓာတ်လှေကားထိကို အိပ်ပျော်သွားတဲ့ကောင်လေးကို ပွေ့ခေါ်သွားရသေးတယ်။
ဓာတ်လှေကားထဲလည်း လက်ကအချမခံဘဲ ရေဘဝဲလို တွယ်ထားတော့...ပွေ့ချီလာပေးတဲ့ သူ့အမှားပဲ...

'အင်...' ကုတင်ပေါ် ပစ်ချလိုက်တော့ အင့် ခနဲအသံထွက်လာပြီး...ကုတင်အပြည့်ကို ခြေကားယား လက်ကားယားနှင့် နေရာယူခြင်းခံလိုက်ရတော့တယ်...

စုန့်မြန် ရေချိုးပြီး ခါးမှာ သဘတ်ပိုင်းလေးပတ်ကာ ပြန်ထွက်လာတော့...
ကုတင်ပေါ်က ဆင်းပြီး အခန်းတံခါးကို အတင်းဖွင့်ကာ...ပြန်ဖို့လုပ်နေတာကြောင့်....

''အဲ့တာ...ဘယ်လဲ...''သူပြောနေကျအတိုင်း....အေးစက်စက် လေသံနဲ့ ပြောလိုက်သည်...အကြည့်စူးစူးတွေကပါ...
ချူးရွှယ်ကို ကြည့်နေတာကြောင့်...တံခါးကို အတင်းဖွင့်နေတဲ့ ကောင်လေးရဲ့ ကျောလေး တောင့်တင်းသွားတာကို မြင်လိုက်ရသည်...
ဘယ်အချိ်န်ဘယ်အခြေနေမှာပဲဖြစ်ဖြစ်...သူ့စကားဆို ချူးရွှယ်အပေါ်မှာ အမိန့်သဖွယ် သက်ရောက်တာကိုတော့....သူသတိထားမိပါရဲ့...

သူ့ကို ဘယ်လိုခိုးကြည့်တာ...
မမြင်ချင်ယောင်ဆောင်ရင် ဝမ်းနည်းပြီး ငုံသွားတဲ့မျက်နှာလေး...
အဆိုးဆုံးကတော့....သူများ မိန်းကလေးတွေနဲ့ စကားလက်ဆုံ ပြောမိလိုက်ရင်...ပိုဆိုး...ဥပမာ..ဒီနေ့မဂ်လာဆောင်မှာ ဖြစ်သွားတဲ့ မျက်နှာလေးလိုပေါ့....

အဲ့လိုမြင်ရတော့လည်း...မသိစိတ်ထဲကနေ....ကို်ယ်လည်းစိတ်မကောင်းဖြစ်မိသား....

ချူးရွှယ် မရင်းနှီးတဲ့ အိပ်ယာကြောင့်...ခဏလေးနဲ့ နိုးလာခဲ့ခြင်းသာ....
သူ့ရဲ့အကျင့်တစ်ခုက...အိပ်ရာပြောင်းရင် မအိပ်တက်ပေ...
၄ ၅ ရက် လောက်ကြာသွားမှသာ...နေသားကျသွားတာမျိုး...

''မေးနေတယ်လေ...ဘယ်လဲလို့....''

ကျောခိုင်းထားပေမဲ့ ရင်းနှီးနေတဲ့ အသံကြောင့်...ဆက်ခနဲ လှည့်အကြည့်မှာ...

''အမေ့....!'' နီးကပ်လွန်းတဲ့ မျက်နှာကြောင့်...ချူးရွှယ်မျက်နှာရဲတက်လာသည်....နှာခေါင်းထိပ်တွေက ထိလုမတက် ဖြစ်နေကာ....အသက်ရှုငွေ့တွေပါ...တစ်ယောက် မျက်နှာ တစ်ယောက် ရိုက်ခတ်နေတာကြောင့်...ရင်ထဲမှာ လှိုင်းလေး ထသွားကာ.....ရင်ခုန်နေတာ မရပ်တော့ပေ....

ငါ့သူငယ်ချင်းရဲ့အဖေက ငါ့ယောက်ျားWhere stories live. Discover now