Ep.3❤

3.2K 225 0
                                    

Unicode.

ချူးယွီ အိမ်ရောက်တာနှင့် ဧည့်ခန်းဆိုဖာပေါ် ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။
အိမ်ထိန်း အဒေါ်ကြီးက ေဖျာ်လာပေးတဲ့ သံပုရာရည်ကို မော့သောက်ပြီးနောက် ချူးရွှယ် အိမ်ပေါ်ထပ်က ဆင်းလာတာကို တစ်ချက်ကြည့်လိုက်ကာ...

''သား ဆေးရုံသွားမလို့လား...''
ချူးရွှယ် စိ်တ်ထင်တာပဲလားမသိ အဖေက ငိုထားသလိုမျိုးဖြစ်နေသလားလို့ ဘာမှ မမေး​တော့ဘဲ
''ဟုတ် အဖေ သားညအိမ်ပါ စောင့်ပေးလိုက် မယ်... ''

''အင်း...''
''အတွင်းရေးမှူး လီ ဆေးရုံအနီးနားမှာ လူနည်းနည်းထားပြီး စောင့်ကြည့်ထားပေး...''

၂ရက် မြောက်တဲ့နေ့မှာ ဆေးရုံပေါ်က ကောင်လေးဟာ နိုးလာခဲ့တယ်။
ဘေးမှာ ရှိနေတာက ပါးပါးလင်းရယ် လီလော့ရယ်, အကိုကြီး စုန့်မြန်ရယ်။

''သားကြီး ဆရာဝန်သွားခေါ်... မြန်မြန်"
''ဟုတ်..ပါး...''

ပါးပါးနဲ့ လီလော့ ကိုကျော်ပြီးတစ်ယောက်ယောက်ကို ရှာနေတဲ့ပုံပေါက်တာကြောင့်

''ကိုလေး...''
''အင်း...ရေဆာတယ်''

လီလော့ကို အာရုံလွှဲကာ ရေသောက်ပြီးနောက် ဆရာဝန် စစ်ဆေးတာခံပြီး
ဟိုလူကြီးကို မတွေ့တာကြောင့် မျက်နှာလေး ညှိုးသွားတော့တယ်။

''ညီလေး စိတ်မပူနဲ့တော့ အဲ့ကောင် နောက်ထပ် ညီလေးကို ရန်မရှာရဲတော့ဘူး...သူ့ကို ခုလောက်ဆို ရဲတွေလိုက်ဖမ်းလို့ နယ်စပ်ကို ပြေးနေရလောက်ပြီ''

''ကျွန်တော်တော့ မထင်ဘူး'' သူ့အသံမှာ တုန်ယင်နေကာ ကြောက်လန့်နေတာကြောင့်
''သားငယ်...သားက ဘာလို့ သေချာနေရတာလဲ...''

''ပါးမသိဘူး...သူသားကို မရ ရတဲ့နည်းနဲ့ပြန်လာရှာမှာ...အဟင့်...''
ပါးပါး ရင်ခွင်ထဲခေါင်းတိုးဝင်ကာ ငိုမိ​တေ့ာ နောက်ကျောကို လက်နဲ့ ပုတ်ပေး​ေလတယ်။

အဲ့နေ့ညမှာ ချူးရွှယ်နဲ့ စုန့်မြန်က ညစောင့်ပေးနေကြတယ်။
ရှီလ် ကနှစ်ယောက်လုံးကို ကျောပေးကာ အိပ်မလို့ ပြင်လိုက်ပြီး

''ချူးရွှယ်အဖေရော အဆင်ပြေလား...'' သူ့စကားက တစ်မျိုးတစ်ဖုံ အဓိပ.ာယ် နဲ့မေးလိုက်ခြင်း။

ငါ့သူငယ်ချင်းရဲ့အဖေက ငါ့ယောက်ျားWhere stories live. Discover now