Ep.7❤

2.7K 178 0
                                    

Unicode.

'' အချိ်န်တွေတစ်ရွေ့ရွေ့နဲ့ကုန်လာလိုက်တာ နောက်ဆုံး​တေ့ာ စာမေးပွဲနောက်ဆုံးနေ့တောင် ရောက်လာပြီ။"သူ့တစ်ယောက်တည်း ေရရွတ်နေကာ
လီလော့နဲ့ လမ်းခွဲပြီး စာမေးပွဲခန်းရှိရာကို ပြင်လိုက်​တေ့ာသည်။

ထိုအချိန်ပဲ သူ့ဘေးကို ဖြတ်သွားတဲ့လူတစ်ယောက်။ အနားကို ကပ်လျှောက်လာတာကြောင့် ရှောင်လိုက်ပေမဲ့ ပခုံးကိုဝင်တိုက်လိုက်တဲ့သူကြောင့် ဟန်ချက်ပျက်သွားကာ လဲကျမလိုဖြစ်သွားသည်။

''အမေ့....''
ထင်ထားသလို ကျောနဲ့မြေပြင် မမိတ်ဆက်ဘဲ ေလထဲမှာ တန်းလန်းကြီးဖြစ်သွားတော့

''ဟမ်....'' အဲ့လူကပဲ သူ့ကျောကို ထိန်းကိုင်ထားပေးကာ နှစ်ယောက်သားက
ကပွဲတွေကလိုမျိုး တွဲကရင်းနဲ့ နောက်ဆုံးမှ...မင်းသမီးကို မင်းသားက ကျောကိုလဲှဲပြီး ခါးကနေထိန်းကိုင်ကာ ဖက်ထားသလိုလေး....

ယခုအနေအထားကြောင့် ရှီလ် ရှက်သွားကာ အမြန်မက်တပ်ရပ်လိုက်ပြီး

''ဟို...ကျေးဇူးတင်ပါတယ်ခင်ဗျ...''
ကျောင်းအဝင်အဝဖြစ်တာကြောင့် တစ်ချို့ကျောင်းသာများကသူ့ကို ကြည့်လာကြတယ်။

ထိုလူက...''ရပါတယ် baby...''

''.....'' ဒီအသံ သူ့ကို အမြဲထိတ်လှန့်နေခဲ့တဲ့ ဒီအသံ သူသိတာပေါ့...။ အမြဲ အိမ် မ က် ဆိုးလို ခြောက်လှန့်နေခဲ့ ဒီအသံ။
မဖြစ်ပါဘူး....အဲ့လူကို သူကြောက်တယ်။ မပတ်သက်ချင်ပေ။

အဲ့နေ့ Toilet ထဲမှာ သူ့ကို အကြမ်းဖက်ခဲ့တဲ့လူ။ မရရအောင် သူ့အပိုင်လုပ်မယ်ဆိုပြီး ​ပြောကာ ခြိမ်း​ခြောက်သွားသေးသည်။

အဲ့နောက် ထိုလူရှေ့ကနေ အတန်းဘက်ကို ခပ်မြန်မြန် ထွက်သွားဖို့ပြင်တော့.
လက်ကို လှမ်းဆွဲခံလိုက်ရတာကြောင်​့
သူ့တစ်ကိုယ်လုံးက ထူလူရင်ထဲ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်သွားပြန်တယ်။

''ခင်များ...!!!'' ကြောက်တာရော ဒေါသထွက်တာရော ပေါင်းပြီးတော့ သူအသက်ရှုနှုန်းတွေ မြန်လာခဲ့တယ်။ ထိုလူ့ရင်ခွင်ထဲကနေ အတင်းရုန်းထွက်လေတော့.....

နားနားကို ကပ်ပြီး ခပ်တိုးတိုးလေးဆိုလာတယ်...''baby ကိုယ့်ကို မှတ်မိသွားပြီလား....ဉာဏ်ကောင်းသားပဲ...အဟက်....''

ငါ့သူငယ်ချင်းရဲ့အဖေက ငါ့ယောက်ျားWhere stories live. Discover now