Ep.4❤

3K 203 0
                                    

Unicode.

@##$  ရှေ့အပိုင်းက စာလုံးပေါင်း အမှားတွေအတွက် sorryပါနော်😖

''ချူးရွှယ်  ဒါပြီးရင် ငါပြန်တော့မယ်နော်...မိုးလည်းချုပ်နေပြီဆိုတော့....''

''ရှီလ် မင်းကလည်းကွာ စာမေးပဲွဲပီးတဲ့ထိပဲ ငါ့အိမ်မှာ နေလေကွာ....မိုးချုပ်ကြီး နေ့တိုင်း အသွားအပြန်လုပ်တော့ မင်းအအေးမိမှာ ဆိုးလို့ပါ...''

ချူးရွှယ်အဖေရဲ့ စာကြည့်ခန်းထဲမှာ နှစ်ယောက်သား စာလုပ်နေကြရင်း တဖြေးဖြေးညအချိန်ရောက်လာခဲ့တယ်။

ဧည့်ခန်းထဲက ချူးယွီမှာတော့ Computer နဲ့တဂျောက်ဂျောက်နဲ့ အလုပ်လုပ်ကာ တစ်ချက်ချက် စာကြည့်ခန်းထဲ လှမ်းလှမ်းကြည့်နေမိသည်။

''ဟန့်...ငါ့အကိုကြီးကို မေးလိုက်အုံးမယ်ကွာ....စာမေးပဲဲပြီးတဲ့ထိ နေဖို့ကျတော့....'' စဥ်းစားရခက်သလို ခေါင်းလေးကုတ်နေတာကြောင့်...သူ့အကိုကြီးလို့ပြောပြီးတဲ့နောက် ရှက်သွေးဖြာနေတဲ့ ချူးရွှယ်မျက်နှာကို သတိမထားမိလိုက်ပေ။

''ဟမ်း...အဲ့ဒါဆို မင်းအစ်ကိုကြီးကို ဖုန်းဆက်လိုက်လေ....မြန်မြန်...''

''အင်း...''

''အကိုကြီး...ဟိုလေ...ချူးရွှယ်က စာမေးပွဲပြီးတဲ့အထိ သူနဲ့စာအတူလုပ်ဖို့...အဲ့ဒါ ဒီအိမ်မှာပဲ စာမေးပဲဲပြီးတဲ့ထိ နေလို့ရလားလို့....အဲ့ဒါ....''

''ဟား....ဟား....ငါ့ညီကကွာ...အိမ်ချင်းကပ်လျှက်လေးကို ကိုကြီးက ဘာပြောရအုံးမှာတုန်း....''

''ဟုတ်....ဟုတ်....ဒါဆို သားပြန်မလာတော့ဘူးနော်....Good night အစ်ကိုကြီး....''

''အမလေး....လန့်လိုက်တာ မင်းဘာလုပ်နေတာလဲ.....'' ဖုန်းပြေားပြီး နောက်လှည့်လိုက်တဲ့အချိန် ချူးရွှယ်ရဲ့ မျက်နှာနဲ့ နီးကပ်သွားတာကြောင့် သူ့မှာ လန့်ဖြန့်သွားရသည်။

ချူးရွှယ်တစ်ယောက် ဖုန်းထဲက စုန့်မြန်အသံလေးများကြားရလိုရငြား ခိုးနားထောင်ခါမှ သူခိုးလူမိ ဖြစ်သွားတော့သည်။

''ဟို...ဘာမှ မဟုတ်ပါဘူး...ငါရေသွားသောက်မလို့....မတော်တဆ မင်းနဲ့ဝင်တိုက်မိသွားတာ...ဟက်...ငါသွားပြီ...''
ပြောပြီး ချူးရွှယ် လစ်ခနဲ ရေခဲသေတာဆီသွားတော့တယ်။

ငါ့သူငယ်ချင်းရဲ့အဖေက ငါ့ယောက်ျားWhere stories live. Discover now