Unicode.
ကဲကဲ Update မမှန်တဲ့ ပိစိကို
Update လာတောင်းလို့ရတယ်...up လို့မန့်ပေးရင်လည်းရတယ်...
Update လာတောင်းတဲ့သူရှိရင်..
စာရေးရတာပျော်တယ်...voteမပေးလည်းရတယ်..
Comment လေးတွေနဲ့ ဝေဖန်ပေးပါရင် ပိုကောင်းတာပေါ့...@@@@@@@
ဘိလိယပ်ခုံနဲ့ ခပ်ဆင်ဆင် Casinoစာပွဲဝိုင်းတွေမှာ လူတွေအပြည့်နဲ့ တစ်ချို့ဆို ဝိုင်barတန်းမှာ ထိုင်ရင်းလေပေးနေကြတာတွေတောင်ရှိသေးတယ်..
ကောင်လေးငယ်ငယ် နှစ်ယောက် ဒီနေရာကို တစ်ခါမှမရောက်ဖူးတာသိသာတယ်...တောင်ကြည့်မြောက်ကြည့်နဲ့ သူများအမြင်မှာ အူကြောင်ကျားလေးသဖွယ်ဖြစ်နေတော့တယ်...
''အဖေလေး...''
''မင်း...ဒီနေရာမှာ အဲ့လိုမခေါ်နဲ့...ဟန့်..''
''အော်...ဖြစ်ရလေ...အာ့ဆိုပထွေးလို့ခေါ်ရမှာလား...ဟဲဟဲ...ပထွေးလေး....''
''ချူးရွှယ်....မင်း..!!''
''ငါစတာပါကွာ.....ဟဲဟဲ အဖေလေးကလည်း...စိတ်ကြီးပဲ...''
''ဟျောင့်....ဟိုမှာကောင်လေးနှစ်ေယာက်...လမ်းပျောက်နေပုံပဲ...''ကွေ့ကျို့မင် လက်ထောက်ကောင်လေးညွှန်ပြတဲ့ဘက်ကို ကြည့်လိုက်တယ်...
ရွယ်တူ ကောင်လေးနှစ်ယောက်...
ဆံပင်အုပ်အုပ်လေးနဲ့ မျက်လုံးတောက်တောက်တွေနဲ့ လိုက်ကြည့်နေတာ အူယားစရာလေးပင်...
တစ်ခါမှ မပြုံးမရယ်တဲ့ ကွေ့ကျို့မင် တစ်ယောက် ခုမှပထမဆုံးတွေတဲ့ ကောင်လေးကြောင့် နှုတ်ခမ်းတွေကွေးတက်သွားကာ...အပြုံးတစ်ခုဖြစ်သွားတော့သည်...''....'' မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ စီးပွားဖက် ကစားသမား တစ်ချို့ကတောင် ကွေ့ကျို့မင်ရဲ့ မြင်ရခဲတဲ့အပြုံးကြောင့်...ကြက်သီးထကာတောင့်တင်းသွားတော့တယ်...
ကစားဝိုင်းရှိလူတိုင်း''.....''
အဲ့တာထက် ေကွ့ကျို့မင် နောက်ထပ်ပြောလိုက်တဲ့စကားကြောင့် အခြေနေပိုဆိုးသွားပြီလို့တောင် ထင်နေကြတယ်...
''ရှီးမော့ကြွယ် အဲ့နှစ်ယောက်ကို ဒီဝိုင်းကိုခေါ်ခဲ့....'' ဘေးရှိ လက်ထောက်က ကျိုးနွံစွာပြန်ပြောလိုက်သည်..
YOU ARE READING
ငါ့သူငယ်ချင်းရဲ့အဖေက ငါ့ယောက်ျား
RomanceBl ကိုယ့်သားရဲ့ သူငယ်ချင်းကို ဖောက်လွဲဖောက်ပြန် ချစ်မိတဲ့ ကိုယ့်နှလုံးသားကလည်း အံ့ဩပါဘိ။ ''ချစ်တယ် ကလေးလေး'' .......................................... ချူးရွှယ် ရှီလ်ရဲ့ အစ်ကိုကြီးက ပြန်လာတာတောင် သူ့ကို မမြင်ချင်ယောင်ဆောင်ကာ စိမ်းစိမ်းကားကားကြည့်လ...