Unicode.
''ကို်ယ်တို့ တွဲရအောင်''
တစ်ခဏအတွင်းဖြစ်လာတဲ့ မနာလိုမှု သဝန်တိုမှုတွေနဲ့...တစ်ချိန်လုံးအေးဆေးတည်ငြိမ်တဲ့ ကိုယ့်ပုံရိပ်ကိုဖျက်ပြီး နောက်ဆုံးတော့ ဒီကောင်လေးကို ခံစားချက်အစစ်အမှန်တွေဝန်ခံခဲ့တယ်။
ထိုစကားကိုပြောပြီးမှ အရင်ကထက်နေလို့ပေါ့ပါးလာတာကိုသတိထားလိုက်သည်။ချူးရွှယ် ကိုယ့်နားပင် ကိုယ်မယုံနိုင်ပေ။အိမ် မ က် မ က်နေတာများလားလို့ထင်မိသည်။
မိမိကို စေ့စေ့ကြည့်နေတဲ့ crush ရဲ့မျက်လုံးတွေကစူးရှလွန်းပြီး တစ်ချိန်ထဲမှာပဲ...သူ့နှလုံးသားကိုပျော်ကျအောင် လုပ်နိုင်လွန်းတယ်။
ကိုယ်ဆိုသည်မှာလည်း crush ကိုတွေ့တာနဲ့ မီးမမြှိုက်ခင်ကတည်းက ပျော်ကျနေတဲ့ရေခဲတောင်ကြီးလိုပဲ။နှလုံးခုန်နှုန်းတွေက မူမမှန်ချင်တော့ပေ။ဟုတ်ပြီလေ...အချစ်ကပြေးတမ်းလိုက်တမ်းဆော့နေရသလိုပဲ ကိုယ်ကလိုက်တော့ ပြေးတယ် ကိုယ်ကမပြေးပါဘဲနင့် အခုအလိုက်ခံနေရပြီ...ဟား....ဟား
အတွေးထဲမျောနေတဲ့ ချူးရွှယ်ကိုကြည့်ကာ...စုန့်မြန် စိ်တ်မရှည်တော့ပေ။
''ချူးချူး....''
''ဟမ်း....အစ်ကို'' အစ်ကို့အသံကြားမှသာ သတိပြန်ကပ်တော့သည်။''ချူးချူးဖြေလေ...ကိုယ့်ကိုချစ်တယ်မလား....''
''ဟမ်း...အဲ့တာကလေ....ဟို...''
''...."''ချူးချူး...ကိုယ်မင်းကိုချစ်တယ်''
''အွန့်...''
ချူးရွှယ် အနမ်းတွေအောက်မှာ ချောင်ပိတ်မိသွားသည်။ နူးည့ံညင်သာပြီး ချိုမိန်တဲ့အနမ်းလေး...သူအခုအနမ်းခံလိုကိရပြီ။ ချူးရွှယ်မျက်လုံးလေးဝိုင်းစက်သွားကာ...ပါးစပ်က ဟပြီးOပုံသဏာန်ဖြစ်သွားတဲ့အချိန်မှာ အနမ်းခံလိုက်ရတာဖြစ်သည်။တဖြေးဖြေးနဲ့ အသက်ရှူမရတော့ဘဲ ပျော့ခွေကျသွားမှသာ စုန့်မြန်က ရပ်တန့်လိုက်သည်။ ကောင်လေးရဲ့နီရဲရဲပါးလေးတွေ အနည်းငယ်စိုစွတ်နေတဲ့နှုတ်ခမ်းပါးရဲရဲလေးတွေနဲ့...ခေါင်းငု့ံလို့နေသည်။
''အရမ်းလုပ်တာပဲ...''
စုန့်မြန်ကသဘောကျစွာပြုံးပြီး''ဒါကအရမ်းချိုတယ်"
သူနမ်းထားတဲ့ နှုတ်ခမ်းကို လက် မ နှင့် ပွတ်ဆွဲကာ ပြောလိုက်သည်။
YOU ARE READING
ငါ့သူငယ်ချင်းရဲ့အဖေက ငါ့ယောက်ျား
RomanceBl ကိုယ့်သားရဲ့ သူငယ်ချင်းကို ဖောက်လွဲဖောက်ပြန် ချစ်မိတဲ့ ကိုယ့်နှလုံးသားကလည်း အံ့ဩပါဘိ။ ''ချစ်တယ် ကလေးလေး'' .......................................... ချူးရွှယ် ရှီလ်ရဲ့ အစ်ကိုကြီးက ပြန်လာတာတောင် သူ့ကို မမြင်ချင်ယောင်ဆောင်ကာ စိမ်းစိမ်းကားကားကြည့်လ...