Unicode.
မနက် ၅နာရီ
သတိအနေအထားနဲ့ အိပ်သလိုဖြစ်နေတာကြောင့် ကျွန်တော်လည်း အစောကြီးနိုးလာခဲ့တယ်။
တင်းကြပ်စွာအဖက်ခံထားရပြီး လှုပ်လို့ပင်မရချေ။ တစ်ခုခုကို သတိရသွားမှ အိပ်ရာက အမြန်ထလေတော့ ခါးကို ဖက်ထားတဲ့ လူကြီးရဲ့လက်တွေက ပိုပြီး တင်းကြပ်လာခဲ့တယ်။
''အင့်...ကိုကို လွှတ်အုံး ဟိုဘက်ခန်းကို ပြန်အိပ်ရမယ်...ချူးရွှယ် နိုးလာလို့ မတွေ့ရင် အထင်လွဲစရာတွေ ဖြစ်တော့မှာ..."
''ကလေးကလည်း...အင်း....အစောကြီးရှိသေးတာကိုကွာ...ပြန်အိပ်အုံး...''
မဖြစ်ချေ ဒီအတိုင်းဆို ။
''ကိုကိုလို့...ဖယ်တော့ ခုမှ မထရင် မရဘူး..ဒါပဲ''ပြောပြီး ကုတင်ကနေ အမြန်သွားဖို့ လုပ်ကာမှ...
''ဒေါက်... ဒေါက်...အဖေ...အဖေ...''
''.....''
''.....''
''ကိုကို....!''တံခါးဆီက အသံကြားကာမှ ချူးယွီ ငေါက်ကနဲ ထထိုင်ကာ သူ့ကလေးမျက်နှာကို ကြည့်လိုက်တော့ ရှက်တာရော ကြောက်တာရော ပေါင်းပြီး စတော်ဘယ်ရီသီးလို ရဲတွတ်နေပြီ။
နှစ်ယောက်သား မျက်နှာချင်းဆိုင်ပြီး တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ကာ ရှီလ် က ထိတ်ထိတ်ပြာပြာနဲ့ ဘယ်ပြေးပုန်းရမလဲ မသိတဲ့အထိ ပြာယာနေတော့သည်။
''ကလေး...''
''ကိုကို ဘယ်လိုလုပ်ကြမလဲဟင်...ပြောပါတယ် ခုနကတည်းက လူကို အတင်းမဖက်ထားခဲ့ရင် ဟွန့်...ခုတေ့ာ...သူခိုးလူမိဆိုတဲ့အခြေနေဖြစ်နေပြီ...အဲ့တာကိုကို့ကြောင့်ပဲ...''
''ဟား...ဟား...ကလေးကလည်း ''
''အဖေ...အဖေ...'''
''အေး...ဘာလဲကွာ....''.
''ဟို...ရှီလ်ကို အခန်းထဲမှာ မတွေ့လို့...အဲ့တာ မနက်အစောကြီး အိမ်ပြန်သွားတာလားလို့်...လာမေးကြည့်တာ...''
''ဟာ...မင်းသူငယ်ချင်းကို ငါလိုက်ကြည့်နေတာ မဟုတ်ဘူးကွ....သွားသွား...ငါအိပ်ရေးမဝသေးဘူး....''
''ဟုတ်....ဒါဆိုလည်း သား သူ့အိမ်ပဲ သွားမေးကြည့်တော့မယ်...အဖေ ပြန်အိပ်လိုက်အုံးနော်....သားသွားပြီ....''
YOU ARE READING
ငါ့သူငယ်ချင်းရဲ့အဖေက ငါ့ယောက်ျား
RomanceBl ကိုယ့်သားရဲ့ သူငယ်ချင်းကို ဖောက်လွဲဖောက်ပြန် ချစ်မိတဲ့ ကိုယ့်နှလုံးသားကလည်း အံ့ဩပါဘိ။ ''ချစ်တယ် ကလေးလေး'' .......................................... ချူးရွှယ် ရှီလ်ရဲ့ အစ်ကိုကြီးက ပြန်လာတာတောင် သူ့ကို မမြင်ချင်ယောင်ဆောင်ကာ စိမ်းစိမ်းကားကားကြည့်လ...