Zawgyi
Chapter 17
သေချာတာပေါ့... တခြားဘာဖြစ်နိုင်သေးလို့လဲ... သူမ အတွက် အနည်းငယ်အံ့သြစေမိသည်ဆိုလျှင်တောင် သူသည် မနေ့ကကိစ္စပြီးသည့် နောက်တွင် သူမနှင့် အနီးကပ်နေချင်ရဲ့သလားဆိုသည်ကို မသေချာပေ။
သည်တစ်ကြိမ်တွင် ဘာရီဒီသည် နှုတ်ဆက်သွားရာ လီအာနာသည် အခန်းထဲတွင် သူမ၏ အပျိုရံနှင့် နှစ်ယောက်တည်းကျန်ခဲ့လေသည်။ အာလီဆင်သည် နေမင်းသမီးအတွက် သင့်တော်သည့်ဝတ်စုံရှာနေသည်နှင့် အလုပ်များနေသည်။ သူမသည် မည်သည့်အရာကိုပင်ဝတ်စေကာမူ ဂရုမစိုက်ပေ။ သို့သော် ထိုရဲတိုက်တွင် အမျိုးသမီးမရှိသည်မှာ ကြာသည့်ပုံ ပင်။ အာလီဆင်ကို ပျော်ရွှင်ခွင့်ပေးထားလိုက်သည် "မင်းသမီး ဒီနေ့မအေး ဘူးထင်တယ် ဒီတစ်ခေါက်တော့ ကျွန်မတို့ရွေးတာက အချိန်အကန့်အသတ် နဲ့ဖြစ်နေပြီ" သူမသည် မျက်မှောင်ကြုတ်ပြီး ပြောလေသည်။
ထိုအချိန်တွင် လီအာနာသည် နွေးထွေးသောအိပ်ယာပေါ်မှ လူးလွန့် ဆင်းလာသည်။ "ဒီအတိုင်းပဲ နွေးတဲ့ဝတ်စုံဝတ်လို့မရဘူးလား" သူမ အကြံ ပေးလိုက်သည်။ သို့သော် အာလီဆင်သည် ချက်ချင်းပင် ခေါင်းရမ်းလေသည် "အဲဒါနဲ့ မလုံလောက်ဘူး ညနေမတိုင်ခင် ပြန်ရောက်မှာမဟုတ်ဘူး အဲဒါ ကြောင့် ဝတ်စုံက နွေးလည်းနွေးရမယ်... ကျွန်မတို့မှာ ရွေးစရာနှစ်ခုရှိတယ် အစိမ်းနဲ့ အဝါ"
သူမသည် ကွဲပြားသောဝတ်စုံနှစ်စုံကို ကိုင်ထားရာ လီအာနာသည် ပြည့်စုံသောရွေးချယ်မှုအတွက် ပထမဆုံးအကြိမ်မဟုတ်ဘဲ အံ့သြမိလေ သည်။ "ရွေးတာကိုတော့ မင်းကိုပဲအပ်ထားလိုက်ပြီ" လီအာနာသည် မှန်တင်ခုံရှေ့ထိုင်ပြီး သူမ ဆံပင်ကို ဖြီးလိုက်သည်။
"ဟင်း ဒါဆိုရင် အစိမ်းရောင်ရွေးလိုက်မယ်... မင်းသမီးမျက်လုံးနဲ့ လိုက် ဖက်တယ် မင်းသမီးကတော့ ချက်ချင်းကိုအာရုံစိုက်ခံရမှာပဲ လူတွေတော့ မင်းသမီးရဲ့ အလှကြောင့် မှင်တက်သွားကြမှာပဲ"
အာလီဆင် ချဲ့ကားလွန်းသည်ဟု မင်းသမီးတွေးမိသည်။ သူမအတွက် ထင်မြင်ချက်ကောင်းကောင်း ချန်ထားခဲ့သည် မထားခဲ့သည်က အရေးမကြီး ပေ။ ထို့အပြင် သူမသည် ဘုရင်၏တောင်းဆိုချက်ကြောင့် လိုက်လာခြင်း ဖြစ်ရာ လူများသည် သူမကို ဒုတိယအကြိမ်မြင်ရန်မှာမဖြစ်နိုင်ပေ။ သို့သော် သူမ၏ အပျိုရံပျော်နေသဖြင့် သူမ တိတ်တိတ်နေပြီး ပြုံးရင်းနှင့် ခေါင်းညိတ် လိုက်သည်။ သူမအမြင်တွင်လည်း အစိမ်းရောင်သည် ပို၍ကောင်းသော ရွေးချယ်မှု ဖြစ်သည်ဟု ထင်သည်။ သူတို့တိုင်းပြည်တွင် အဝါရောင်သည် ရိုးရာမင်္ဂလာဝတ်စုံအရောင်ဖြစ်သည်။ သည်နေရာတွင် ထိုအကြောင်းအရာ ကို သိသည့်သူ မရှိသော်လည်း သူမအနေနှင့် အနည်းငယ်စိမ်းသက်သည်ဟု ထင်မိသည်။ အထူးသဖြင့် သူမသည် ဘုရင်အူးလ်ရစ်နှင့် တစ်ရက်တာ ကုန်ဆုံးရမည်ဖြစ်သည်။
YOU ARE READING
နေမင်းသမီးနှင့် ရေခဲဘုရင် {MM tran}
RomanceZawgyi + Unicode I just translate this story. I don't own this story. All credits go to the original writer. The picture also goes credit to the original owner. (pick up from Pinterest) 😘 Complete chapters - 64