Chapter 6

332 38 0
                                    

Zawgyi

Chapter 6

"သူက တိတ်တိတ်နေဖို့ သင်ထားတာ" ဘေးအမှောင်ထဲမှ ရှင်းပြသံ ထွက်လာရာ လီအာနာသည် အနည်းငယ်လန့်သွားလေသည်။

"ဘုရင်ကြီး..." သူမသည် အလိုလိုပင် နောက်ပြန်ဆုတ်မိလေသည်။ "အရှင်က ဘုရင်တစ်ပါးအနေနဲ့ မြေအောက်အကျဉ်းတိုက်ကို ခဏခဏလာ နေတယ်"

သူ့မျက်လုံးများသည် နှစ်သက်သည့်အရိပ်အယောင်ဖြစ်သွားကာ "ကိုယ်တော့်မှာ ဒီမှာ အထူးအကျဉ်းသားရှိနေလို့လေ"

နေမင်းသမီး၏ ရင်များသည် ခဏတာခုန်သွားသလိုပင်။ "ကျွန်မ အသက်ရှင်သေးရဲ့လားဆိုတာ အရှင်သေချာချင်လို့ထင်တယ်"

"အဲလိုပဲ" ဘုရင်သည် လူတစ်ယောက်ကို လက်ဝေ့ရမ်းပြရာ မကြာမီ တွင် အစေခံတစ်ယောက်သည် အစားအသောက်ပန်းကန်ဖြင့် ပေါ်လာလေ သည်။ အနံ့ရမှပင် လီအာနာသည် ဘယ်လောက်ဗိုက်ဆာနေသည်ကို သတိ ရသွားသည်။ "မင်းက အခုကိုပိန်လွန်းနေပြီ၊ အဲဒါကြောင့် အေးခဲပြီးသေစရာ အကြောင်းမရှိဘူး အနည်းဆုံးတော့ မင်းငတ်မွတ်ပြီးမသေအောင် ငါလုပ်ပေး သင့်တယ်လေ မဟုတ်ရင် ငါအားထုတ်ထားတာတွေ အလဟသဖြစ်သွားမှာ ပေါ့"

အစားအသောက်များကို သူမအခန်းသို့ ယူလာရာ လီအာနာသည် မယုံ နိုင်သေးပေ။ ဒါက အကျဉ်းသားတစ်ယောက်ကို ကျွေးတဲ့အစားအသောက် လား။ မွှေးပျံ့သောအသားကင်နှင့် လတ်ဆတ်သော အသီးအရွက်များဖြစ်နေ သည်။ ပန်းကန်ပင်လျှင် နွေးနေသေးသည်။

"စားလိုက် အလဟသဖြစ်တာကို ငါကိုယ်တော်မုန်းတယ်" ဘုရင်ကြီး သတိပေးလိုက်သည် "သြော် ပြီးတော့ မင်းသမီး" သူ သံတိုင်များအနီးသို့လာ ပြီး သူ့အကြည့်များပြန်လည်အေးစက်သွားသည်မှာ သူမ လက်ထဲမှ ပန်းကန် ပြုတ်ကျလုနီးပါးပင်ဖြစ်သွားသည်။ "ကိုယ်တော့်အကြောင်းတွေကို ထပ်ပြီး စုံစမ်းတယ်ဆိုရင်... မင်းကို ငါကိုယ်တော်တိုင်သတ်မယ်" သူထပ်ထွက်သွား သည်နှင့် မင်းသမီးသည် ပန်းကန်ကိုင်ပြီး ကြမ်းပြင်ပေါ်ထိုင်ချလိုက်သည်။ သူ အလေးအနက်ပြောသည်ကို သူမ သိသည်။ သူသည် သံသယမဝင်ပဲထွက် သွားခဲ့သည်။ အစောင့်သည်လည်း သူမ နှင့်ဝေးရာသို့ရွေ့သွားလေသည်။ သူ သည် သူ့သခင်၏ အမျက်ဒေါသကိုကြောက်သောကြောင့် ဖြစ်နိုင်သည်။

​နေမင်းသမီးနှင့် ​ရေခဲဘုရင် {MM tran}Tahanan ng mga kuwento. Tumuklas ngayon