Zawgyi
Chapter 16
သူမသည် သတိဖြင့် တံခါးဝသို့ ချည်းကပ်သွားကာ အပြင်သို့ သတ္တိမွေး ကာကြည့်လိုက်သည်။ သူမ မြင်လိုက်သည့်အရာမှာ အသက်ရှုပင်မှား လောက်သည်။ သူမသည် ပန်းများ အကိုင်းအခက်များပြည့်နေသော လှပ သော ဥယျာဉ်တစ်ခုရှေ့တွင် ရပ်နေလေသည်။ ဥယျာဉ်အထက်တွင် ဖန်သား အခုံးရှိပြီး လရောင်၏ အလင်းအောက်တွင် တောက်ပနေသည်။ လရောင် သည် ဥယျာဉ်အလယ်တွင်ရှိသော ခရမ်းနုရောင်အပင်ကြီးအပေါ်သို့ တိုက်ရိုက်ကျရောက်လေသည်။ သစ်ပင်ကြီး၏ပွင့်ဖတ်များသည် လရောင်နှင့် အတူ ကြည်နူးဖွယ်ဖြစ်လောက်အောင် ပနံသင့်လှရာ လီအာနာသည် ပိုပိုပြီး နီးကပ်အောင် လျှောက်သွားလိုက်သည်။ ထိုခဏအတွင်းတွင် သစ်ပင်၏ တခြားတစ်ဖက်တွင် ခန္ဓာကိုယ်တစ်ခုကို သူမ သတိထားမိလိုက်သည်။
ထိုခဏတွင် သူမရင်များသည် တုန်လှုပ်မှုကြောင့် ရပ်သွားသလား တောင်ထင်ရသည်။ သူမ ပေါ်သွားပြီလား... သို့သော် ထိုခန္ဓာကိုယ်သည် မလှုပ်မယှက်ရှိနေရာ လီအာနာသည် သတ္တိမွေးပြီး နီးကပ်အောင်သွားလိုက် သည်။
ထိုသူသည် ဘုရင်အူးလ်ရစ်ဖြစ်သည်။ သို့သော် သူ့မျက်လုံးများသည် ပိတ်လျက်ရှိသည်။ သူသည် အိပ်ပျော်နေသည်။
ထိုအခြေအနေကြောင့် သူမ လုံးဝအံ့သြသွားသည်။ သူမ ဘာလုပ်ရမည် ကိုမသိတော့ပေ။ သူမ မြင်နေရသည်မှာ သစ်ပင်ကိုမှီပြီးအိပ်ပျော်နေသည့် ဘုရင်ဖြစ်သည်။ လီအာနာသည် ခြေဖျားမှအအေးဓာတ်များ တဖြည်းဖြည်း တက်လာသည်ဟု ခံစားရသည်။
သူသည် အိပ်ပျော်နေသော်လည်း မျက်နှာမှာ မှုန်ကုပ်နေသည်။ သူ သည် ထိုနေရာတွင်ပင် အေးချမ်းမှုကို ရှာမတွေ့သည့်အတိုင်းပင်။ သို့သော် ထိုယောက်ျားသည် မောက်မာစွာပင် ချောမောနေသေးသည်။ ရုတ်တရက်ပင် သူမ သူ့ပါးပြင်တွင် တစ်စုံတစ်ရာကို မြင်လိုက်သည်။ ပါးပြင်တွင် မျက်ရည် စီးကြောင်းရှိနေသည်။
လီအာနာသည် သူမ စိတ်နှံ့ရဲ့လားဟုပင် သံသယဝင်ကာ နှစ်ကြိမ်မျှ ကြည့်မိသည်။ သို့သော် ထိုအရာသည် ခြောက်သွေ့နေသော မျက်ရည်စီး ကြောင်းဖြစ်သည်မှာ သေချာသည်။
ESTÁS LEYENDO
နေမင်းသမီးနှင့် ရေခဲဘုရင် {MM tran}
RomanceZawgyi + Unicode I just translate this story. I don't own this story. All credits go to the original writer. The picture also goes credit to the original owner. (pick up from Pinterest) 😘 Complete chapters - 64