Chapter 36

179 21 0
                                    

Zawgyi

Chapter 36

သူမသည် မျက်လုံးများကိုမှိတ်လိုက်သည်။ ချက်ချင်းပင် ပန်းချီထဲမှ အမျိုးသမီးငယ်ကို ပြန်မြင်ယောင်မိသည်။ သူမ အသက်ဘယ်လောက်ရှိ လောက်ပြီလဲ။ သူမ ထက်တော့မကြီးလောက်သေးဘူး... သူမထက်တော့ ပိုရင့်ကျက်တဲ့ပုံပေါက်ပေမယ့်ပေါ့။

လီအာနာသည် ဘေးသို့လှည့်ပြီး အဝတ်ဗီဒိုဘေးမှ မှန်ကို တည့်တည့် ကြည့်လိုက်သည်။ သူမ ကိုယ်သူမလှသည်ဟု တွေးခဲ့သည်။ မလှရင်တောင် အကြည့်တစ်ချက် နှစ်ချက်လောက်နှင့် ဖမ်းစားနိုင်သည်လေ။ သို့သော် လက်ရှိတွင်တော့ သူမ၏ ဆံပင်အရောင်သည် မှတ်မိရန်ရိုးရှင်းလွန်းနေပြီး သူမ၏ အစိမ်းရောင်မျက်လုံးများမှာလည်း ငြီးငွေ့ဖွယ်ကောင်းနေ၏ ။

ဘုရင်ကြီးအူးလ်ရစ် ပန်းချီထဲက မိန်းကလေးကိုကြည့်တဲ့ အကြည့်က ဘယ်လောက်တောင် ချစ်စိတ်တွေပြည့်နေလိုက်သလဲ။ သူသည် သူမကို ထိုအတိုင်း ဘယ်တုန်းကမှ မကြည့်ခဲ့ဖူးပေ။ နောက်ပိုင်းတွင် သူ သူမကို စိတ်ဖွင့်ပေးလာပြီဟု သူမ ထင်ခဲ့သည်။ သို့သော် သူမသည် အရေးမပါပေ။

သူမသည် အကျဉ်းသားတစ်ယောက်သာဖြစ်သည်။ ဘုရင်ကြီးအူးလ်ရစ် လက်စားချေရန်အတွက် ပစ္စည်းလက်နက်တစ်ခုသာဖြစ်သည်။

အလှလေးသည် တခြားတိုင်းပြည်တစ်ခုမှ လာသည်မှာ သေချာသည်။ ထိုမျှလှပသော ငွေရောင်ဆံသားများကို လီအာနာမမြင်ဖူးပေ။ ထိုသည်မှာ သူမသည် ဘုရင်ကြီး၏ စေ့စပ်ထားသူနှင့် ပိုတူလေသည်။

အဲဒါကြောင့် သူမ အဲဒီပန်းရောင်ပန်းတွေ ဝတ်ဆင်တုန်းက သူ စိတ်ရှုပ် ထွေးသွားခဲ့တာပဲ။ သူ့ရဲ့ စေ့စပ်ထားတဲ့မိန်းကလေး ပစ္စည်းကို သူမက မတော်တဆသုံးမိလို့လေ။

သူ့ အချစ်ဟောင်းရဲ့ ရတနာကို တခြားမိန်းကလေးဝတ်တာကို တွေ့ရတာက သူ့အတွက် ဆိုးဝါးနေမှာပဲ... အကြောင်းမှာ သူမသည် အသက်မရှိတော့သည်မှာ သေချာသလောက်ပင်။ သူသည် သူမပန်းချီကို ပိတ်ထားရုံသာမကဘဲ ဖုံးအုပ်ထားတာလေ။ ဒါပေမဲ့ သူ သူမကိုချစ်နေသေး တယ် အဲဒါတော့ သေချာနေတယ်။

ထို့နောက်တွင် သူမ ရင်ဘတ်ထဲမှ စူးအောင့်မှုကို ခံစားမိလေသည်။ အရင်တစ်ခေါက်က ဖြစ်သလိုပင်။ သူမသည် ထိုခံစားချက်မှုမျိုး အရင့်အရင်က မဖြစ်ဖူးပေ။ ပြီးလျှင် ထိုခံစားချက်သည် မည်သည့်ခံစားချက် ဖြစ်သည်ကို သူမ မသိသေးပေ။ သူမ ထပ်ထပ်ပြီးစဉ်းစားမှ သိလာမည်။ နေတိုင်းပြည်မှ သူမအပျိုရံ ဟေဒီယာကတော့ တူညီသည့်အရာမျိုး ပြောပြဖူး သည်။ ထိုစဉ်က ဟေဒီယာ နှစ်သက်သော အမျိုးသားသည် သူမ၏ သူငယ်ချင်းများနှင့် ရယ်ရယ်မောမောစကားပြောနေသည်ကို သူမ ဒေါသထွက်ခဲ့သည်ဟု ပြောပြခဲ့သည်။ ထိုအရာသည် သဝန်တိုသည်ဟုလည်း သူမကို ရှင်းပြခဲ့သည်။

​နေမင်းသမီးနှင့် ​ရေခဲဘုရင် {MM tran}Where stories live. Discover now