Zawgyi
Chapter 34
ထိုအရာမှာ လီအာနာသိချင်သည့်အကြောင်းမဟုတ်ပေ။ သို့သော် နာရာသည် တက်ကြွစွာပြောနေသည်ကိုကြည့်ရသည်မှာ ကောင်းသည်။ ထိုသို့ဖြစ်ရာ ဘုရင်ကြီးကိုမနှစ်သက်သည့် အစေခံတစ်ဦးတစ်ယောက်မှမရှိ ပေ "ဒီကိုဘယ်လိုရောက်လာလဲဆိုတာမေးလို့ရမလား"
သူမ ထိုမေးခွန်းကိုမေးသည်နှင့် နာရာ၏ မျက်နှာအမူအရာမှာ မည်းမှောင်သွားပြီး "ကျွန်မက အစက တခြားတိုင်းပြည်က အစေခံတစ်ယောက်ပါ ကျွန်မ ၇နှစ်တုန်းက အရောင်းခံရပြီး ရေခဲတိုင်းပြည် ကို ခိုးဝင်လာတာ"
လီအာနာသည် ရုတ်တရက်ပင် သူမ၏ မေးခွန်းကိုနောင်တရသွား သည်။ သူမသည် မကောင်းသောမှတ်ဥာဏ်များကို မလှုံ့ဆော်ချင်ပေ။ "ခွင့်လွှတ်ပါ အဲအကြောင်းကိုပြောဖို့မလိုပါဘူး" သူမသည် နာရာကို စကားဖြတ်ပြောလိုက်သည်။ သို့သော် သူမသည် လက်ကိုသာဝေ့ရမ်းလေ သည်။
"စိုးရိမ်ဖို့မလိုပါဘူး ကောင်းတဲ့အတိတ်မဟုတ်ပေမယ့် နေလာရင်းနဲ့ သင်ယူခဲ့တာတွေရှိပါတယ် ကျွန်မက အစေခံစာချုပ်ကိုသိမ်းပြီးတော့ ဒီမှာ အလုပ်လုပ်မလား ဒါမှမဟုတ် ကျွန်မမွေးရပ်နိုင်ငံကိုပြန်မလားလို့ ကမ်းလှမ်းခံ ရပါတယ် အဲတုန်းက ကျွန်မက ၁၆နှစ်ပဲရှိသေးတယ် နှစ်ပေါင်းများစွာ နှိပ်စက် ခံလာရပြီးတော့ ဒီမှာက ပိုက်ဆံအလုံလောက်ရမယ့်အခွင့်အရေးကိုတွေ့ တော့ နောက်မှပဲ အရင်တိုင်းပြည်ကိုပြန်မယ်လှို့ ဆုံးဖြတ်လိုက်တာ ဒါနဲ့ တစ်နှစ်ပြီးတစ်နှစ်ကုန်သွားပြီးတော့ နောက်ဆုံးတော့ ဒီမှာပဲနေဖြစ်သွားတာပဲ ကျွန်မ မသိလိုက်ခင်မှာပဲ ရဲတိုက်က ကျွန်မရဲ့အိမ်အသစ်ဖြစ်လာပြီးတော့ တခြားအစေခခံတွေက ကျွန်မမိသားစုဖြစ်လာတာပဲ"
နာရာ ပျော်ရွှင်သည်ဟု ကြားသည်နှင့် မင်းသမီးပျော်မိသည်။ သို့သော် သူမ တစ်စုံတစ်ရာကိုစွဲလမ်းနေသေးသည်။ (T/N; သိချင်တာတွေရှိသေးတာကို ဆိုလိုချင်တာပါ... ဟီး ပြောချင်တာကို ကိုယ်ရေးတာ မထိမိမှာစိုးလို့ပါ)
"ဘုရင်ကြီးက အမြဲတမ်းအခုလိုပဲလား ပြီးတော့ ရှင်က သူ့ကို ကလေး ကတည်းကသိလာမှာပဲ"
YOU ARE READING
နေမင်းသမီးနှင့် ရေခဲဘုရင် {MM tran}
RomanceZawgyi + Unicode I just translate this story. I don't own this story. All credits go to the original writer. The picture also goes credit to the original owner. (pick up from Pinterest) 😘 Complete chapters - 64