Chapter 38

156 20 0
                                    

Zawgyi

Chapter 38

"ပြီးတော့ သူက ကျွန်မကိုဘယ်လိုလုပ် မင်းသမီးနဲ့မတွေ့ခိုင်းရတာလဲ ပြီးတော့ သူက မင်းသမီးအခန်းကိုလည်း ခိုးလာလိုက်သေးတယ်" အပျိုရံ အလှလေးသည် ဘာရီဒီနှင့်ပတ်သတ်ပြီး မကျေနပ်ချက်များကို ဆက်ပြောနေ လေသည်။

"မင်း သူ့ကိုများသဘောကျနေလို့များလား" လီအာနာသည် တည့်တိုး ပင်မေးပြီး အံ့သြမှုကိုဖြစ်စေလိုက်သည်။

"မင်း.. မင်းသမီး ဘယ်လိုလုပ် အဲလိုစကားကိုပြောရတာလဲ"

"အင်း... ငါ့ဆံပင်ကို စ,လျှော်ပေးနေကတည်းက သူ့အကြောင်းကလွဲပြီး မပြောဘူးလေ" သူမ ရယ်မောရင်းရှင်းပြလေသည်။

အာလီဆင် ရှက်သွားလေသည်။ "ကျွန်မပြောတာက.. ဟုတ်ပါတယ် ရဲတိုက်ထဲက ပန်းတွေကို သူဂရုစိုက်တာလည်း ကောင်းတယ် ပြီးတော့ အစေခံတွေရဲ့ တခြားလိုအပ်တာတွေအကုန်လုံးကိုလည်း ဂရုစိုက်ပေးသေး တယ်... ပြီးတော့ သူက အမှုထမ်းတစ်ယောက်အနေနဲ့ မာနကြီးလွန်းတယ် သူတစ်ယောက်တည်းရဲ့အကြံကိုပဲ ဘုရင်ကြီးက လက်ခံတာလေ ပြီးတော့ သူက ကျွန်မကို လေးလေးနက်နက်မမှတ်ယူပါဘူး ကျွန်မကပဲ သူနဲ့ အမြဲငြင်းခုံလိုက်လို့ နောက်ဆုံးမှာ သူပေးဝင်လိုက်တာပဲ"

အာလီဆင် သူ့အကြောင်းပြောလျှင် မည်မျှချစ်စရာကောင်းကြောင်းကို လီအာနာ တွေးမိသည်။ လီအာနာသည် သူမကိုစနောက်ရသည်ကို အနည်းငယ်ပိုနှစ်သက်လာသည်။ သို့သော် လွန်လွန်ကျွံကျွံမလုပ်ချင်ပေ။ ရူးလောက်စရာပင်... ရက်အနည်းငယ်လောက်ရှိသေးသော်လည်း သူမသည် အပျိုရံ၏ ပေါက်တတ်ကရစကားပြောတတ်သည်ကို လွမ်းနေခဲ့သည်။

ရေချိုးပြီးနောက်တွင် မျိုးစုံသောအဝတ်များကို ကြည့်ပြီးနောက်ဆုံးတွင် ရွှင်လန်းသော အနီပုပ်ရောင်အတွင်းခံနှင့် လိမ္မော်နီဂါဝန် ဝတ်ရန် ဆုံးဖြတ် လိုက်ကြသည်။ အာလီဆင်သည် သူမ ဆံပင်တွင် အနီရောင်ဖဲကြိုးကလေး များ အလှဆင်ပေးလေသည်။ သို့သော် ဘုရင်ကြီး၏ လည်ဆွဲမှအပ တခြား မည်သည့်လက်ဝတ်ရတနာကိုမှ မဝတ်ပေ။

သူမသည် မှန်ကိုကြည့်လိုက်ရာ သူမကိုယ်သူမ ပြန်မှတ်မိသွားသလိုရှိ ရာ တဖန်ပြန်ပြီးပျော်ရွှင်သွားရသည်။

​နေမင်းသမီးနှင့် ​ရေခဲဘုရင် {MM tran}Where stories live. Discover now