Zawgyi
Chapter 28
နောက်နေ့မနက်တွင် နေရောင်သည် လီအာနာကို နိုးထစေသည်။ သူမ သည် ခြေထောက်ကိုလွန့်လူးကာ အိပ်ယာပေါ်မှ ဆင်းလိုက်သည်။
သူမသည် မနေ့ညက အပေါ်ဝတ်ကိုဝတ်ထားဆဲပင်ဖြစ်သည်။ ပင်ပန်းမှု ကြောင့် သူမ ချွတ်ရန်မေ့သွားခြင်းဖြစ်ရမည်။
သူမ မြင်ခဲ့သည့်အရာသည် သူမအတွက် သဘာဝမကျနိုင်သေးပေ။ ထိုအရာမှာ သူမ စိတ်ကူးယဉ်သက်သက်များဖြစ်မလားဟုပင် အလေးအနက် တွေးနေမိသည်။ သို့သော် လက်တွေ့အစစ်အမှန်ဖြစ်နေသည်။ အပေါ်ဝတ် သည် သူမ မနေ့ညကဥယျာဉ်သို့သွားခဲ့သည့် ရှင်းလင်းသည့် သက်သေဖြစ် နေသည်။
အာလီဆင် အချိန်မရွေးပေါ်လာနိုင်သဖြင့် သူမသည် အပေါ်ဝတ်ကို ချွတ်ပြီးနောက် ခေါင်းဖီးနေလိုက်သည်။ သူမ ပြီးစီးသည်နှင့် တံခါးခေါက်သံ ပေါ်လာပြီး အာလီဆင်ဝင်လာသည် "နိုးတောင်နေပြီလား မင်းသမီး" သူမ သည် တအံ့တသြ ပြောလေသည်။
"ဒီနေ့တော့ နေရောင်ကနှိုးလိုက်တာပဲ" လီအာနာသည် ပြုံးပြီး ရှင်းပြ လေသည်။ သူမ အပျိုရံသည် အသိအမှတ်ပြုခေါင်းညိတ်ပြီးနောက် သူမ အဝတ်အစားဝတ်သည်ကို ပြီးအောင်ကူညီပေးလေသည်။ ယနေ့တွင်တော့ နက်ပြာရောင်ဝတ်စုံအသစ်ကိုဝတ်ရန် ဆုံးဖြတ်လိုက်ကြသည်။ ဘရစ်နာ သည် အပြာနုရောင်ခါးစည်းကိုနှစ်သက်လွန်းသဖြင့် ထိုဝတ်စုံကို ရွေးချယ်ပေး ခြင်းဖြစ်သည်။ ရင်ဘတ်နှင့် လက်ဖျားတွင်လည်း တူညီသောအရောင်ဖြင့် ထပ်မံအနားကွပ်ထားသေးသည်။
သေချာတာတော့ သူမ၏ လည်ဆွဲအသစ်မှာလည်း မျက်ခဲ့ပေ။ တခြား လက်ဝတ်ရတနာအသစ်များကို မဝတ်သည်မှာ နှမြောစရာပင်ကောင်းနေ သေးသည်။ ဆံပင်ကို ကျစ်ဆံမြီးကျစ်ပြီးနောက် ဖဲကြိုးတချို့ဖြင့် အလှဆင် လိုက်သည်။
သူတို့ ထင်ထားသည်ထက် စောပြီးနေသဖြင့် အတန်ကြာစကားပြောနေ ချိန်တွင် တံခါးခေါက်သံသည် သူတို့စကားပြောနေသည်ကို ဖြိုခွင်းလိုက် သည်။ သူမသည် ဘုရင်အူးလ်ရစ်ကိုမျှော်လင့်မိမလိုဖြစ်သွားသည်။ သို့သော် သည်တစ်ကြိမ်တွင် သူမကို လာရောက်တွေ့ဆုံသည်မှာ ဘာရီဒီဖြစ်သည်။ သေချာတာပေါ့လေ... ပြီးတော့ မနေ့က သူမမွေးနေ့မို့လို့ ဖြစ်နိုင်တာလေ။ မင်းသမီးသည် အမှုထမ်းကို စိတ်အနှောင့်အယှက်မဖြစ်လိုသောကြောင့် သူမ ၏ စိတ်ပျက်သွားမှုကို ဖြစ်နိုင်သလောက် ဖုံးကွယ်လိုက်သည်။
YOU ARE READING
နေမင်းသမီးနှင့် ရေခဲဘုရင် {MM tran}
RomanceZawgyi + Unicode I just translate this story. I don't own this story. All credits go to the original writer. The picture also goes credit to the original owner. (pick up from Pinterest) 😘 Complete chapters - 64