လေးယောက်သားအတွေးကိုယ်စီနဲ့ဖြစ်နေဆဲအချိန် Arjimarrrလာခေါ်တော့မှ ညစာစားဖြစ်ကြတော့တယ်။ထမင်းစားပွဲမှာလေးယောက်သားထိုင်လိုက်တော့ArjimarrကLiceကိုကြည့်ကာ....
"Liceလေးအတွက် Arjimarrဆန်ပြုတ်လေးပဲလုပ်ပေးထားတယ်နော"
"အာ့ ကျေးဇူးပါခင်ဗျ"
ညစာစားနေချိန်အတွင်းဘာမှမပြောဖြစ်ကြပေ။ညစာစားပီးနောက်Janeကအားလုံးကိုကြည့်ကာ...
"Janeအရင်ဝင်နှင့်ပီနော်...."
"အင်း..Jenduki...."
"Nae...Unnie .Chaeကတော့Jijiနဲ့ဇာတ်ကားကြည့်အုန်းမယ် ဟီး ဟီး"
LiceကJaneကိုဘာမှမပြောတော့ပဲငြိမ်နေတာကြောင့်Jijiက
"Liliလဲနားတော့လေ။ပီးတော့အနာရှိန်သက်သာအောင်ဆေးသောက်ပီးအိပ်လိုက်။အဲ့တာမှ မနက်ဖြန်အတွက်အားရှိမှာ"
"Nae....Jiji"
Janeနဲ့Liceလဲအခန်းထဲကိုယ်စီဝင်သွားကြတယ်။ChaeကTVကြည့်နေရာကနေJijiကိုမေးလိုက်တယ်။
"Jiji...Jiji....."
"ပြောလေ Chaeလေး"
"မနက်ဖြန်CKအတွက်Unnie Jen Shootingရိုက်ရင်Liliသဝန်တိုမယ်ထင်လား.ဟင်..."
ထိုအချိန်မှာArjimarrကဧည့်ခန်းထဲကိုရောက်လာပြီးJijiနဲ့Chaeကို...
"Jijiလေးရေ။Arjimarrလဲအိပ်တော့မယ်နော်"
"Nae...Arjimarrကောင်းကောင်းအနားယူပါ"
"Chaeလေးလဲသိပ်နောက်ကျအောင်TVကြည့်မနေနဲ့။Chaeလေးအစာပြေစားဖို့ပေါင်မုန့်ကြက်ဥကြော်လေးကြော်ပေးထားတယ်"
"ယေး Arjimarrအကောင်းဆုံးပဲ"
ပြောလာတာကြောင့်Chaeကအစားဆိုတာနဲ့ပျော်သွားကာရယ်နေတာကိုJijiကိုကြည့်ပြီး...
*ခလေးလေးကျနေရော Chaeရယ်*
"ဟုတ်ပါပီကွယ်."
"ကောင်းကောင်းအနားယူပါ Arjimarr...."
Arjimarrလဲအနားယူဖို့အခန်းထဲဝင်သွားတော့တယ်။ChaeကJijiကို....
"မေးနေတာဖြေအုန်းလေ Jijiရဲ့..."
"Chaeလေးသာဆိုရင်ရော...."
"အင်း။အလုပ်သဘောဆိုပေမဲ့သဝန်တိုမိမှာပဲ။ ပီးတော့CKကUnderwear Brandကြီးဖြစ်နေတော့ပိုဆိုးတာပေါ့။ဘယ်သူမဆိုကိုယ်ချစ်ရသူရဲ့လှပတဲ့အစိတ်အပိုင်းတေသူများမြင်မှာမကြိုက်ပါဘူး။သဝန်တိုမှာChaeကတော့...."
YOU ARE READING
🌏You Are My World🌏(Completed)
RomanceIDOLကိုအရမ်းချစ်မိသွားတဲ့Fan Girlလေးနဲ့ခပ်ချေချေIDOL Girlလေးေတွ့ဆုံပြီးေနာက်သူတို့နှစ်ေယာက်ကြားကပေါက်ဖွားလာတဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်