Liceအခန်းထဲကိုရောက်နေပေမယ့် ငြိမ်ငြိမ်လေးထိုင်မနေနိူင်ပဲJaneအခန်းကအသံကိုသာနားစွင့်နေမိတယ်...
"အာ့ ငါကလည်းJနဲ့ပတ်သတ်ရင်တော်တော်ရူးတာပဲကွာ အခန်းကမျက်နှာချင်းဆိုင်ဖြစ်နေပေမယ့် အခန်းကလုံနေတော့ Jတို့ပြောတာတေငါကြားရမှာမဟုတ်ဘူး..."
Jijiတို့လည်းဧည့်ခန်းထဲကနေJane အခန်းကိုတက်လာပီး အခန်းရှေ့ရောက်တော့ တံခါးခေါက်ကာ...
"Jendukiရေ နင့်အခန်းထဲက ဝုန်းကနဲအသံကြားလို့ ဘာဖစ်တာလည်း တံခါးလာဖွင့်ပါအုန်း..."
Janeလည်း လက်ကမီးအိမ်ကိုရိုက်လိုက်တာကြောင့် ကွဲသွားပေမယ့် စိတ်တိုနေတာကြောင့် သွေးထွက်နေတာကိုမသုတ်ပဲ အခန်းတံခါးဖွင့်ပေးလိုက်တယ်....တံခါးဖွင့်လိုက်တာနဲ့Chae ကJaneလက်ကသွေးတေကိုတန်းတွေ့ကာ...
"ဟင်...Unnieလက်က ဘာဖစ်တာလည်း သွေးတေနဲ့..."
Jijiကလည်းJaneလက်ကိုကိုင်ကာစားပွဲပေါ်ကTissueယူပီး သုတ်ပေးနေရင်းChaeကို..
"Chaeလေး အောက်ထပ်ကဆေးသေတ္တာသွားယူပေး..."
"Nae...Ji."
Chaeစကားမဆုံးလိုက်ပဲ Jane ကChaeကို...
"မယူနဲ့ ...Unnie တို့နှစ်ယောက်စလုံးကိုJaneမေးစရာရှိတယ်..."
ဒေါသထွက်နေတာကြောင့် Jane အသံကမာနေတာကိုJijiကသတိထားမိပီး...
"ဟုတ်ပါပီ မေးပါ အရင် လက်ကိုဆေးထည့်ရအောင်..."
Jijiလည်းJane ကိုဆွဲကာကုတင်ပေါ်ထိုင်စေပီး...Chaeကို..
"သွားယူလိုက် ဆေးသေတ္တာ..."
"Nae....Jiji"
Chaeလည်းအောက်ထပ်ဆင်းပီးဆေးသေတ္တာယူဖို့ထွက်အလာ Liceကလည်းတံခါးအဖွင့် ...
"Chae...Jအဆင်ပြေရဲ့လား ဟင်..."
"ဟင့်အင်း မပြေဘူး ဘာတေစိတ်တိုပီးမီးအိမ်ကိုရိုက်လိုက်လည်းမသိပါဘူး လက်မှာကွဲနေတယ် အဲ့တာChaeဆေးသေတ္တာသွားယူမို့..."
Chaeစကားကြောင့် Lice စိတ်ပူသွားကာ...
"ဟင် ဖြစ်တာကများလား..."
"လက်ဖဝါးစောင်းမှာကွဲသွားတာ မများပေမယ့်သွေးတေထွက်နေတယ်..."
YOU ARE READING
🌏You Are My World🌏(Completed)
RomanceIDOLကိုအရမ်းချစ်မိသွားတဲ့Fan Girlလေးနဲ့ခပ်ချေချေIDOL Girlလေးေတွ့ဆုံပြီးေနာက်သူတို့နှစ်ေယာက်ကြားကပေါက်ဖွားလာတဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်