Part-14🌏

3.6K 328 52
                                    

*ငါဘာလို့ ရင်တေအရမ်းခုန်နေရတာလဲ .....*

*Jမျက်နှာလေးကအရမ်းချစ်ဖို့ကောင်းတယ်။ချစ်လွန်းလို့ရူးတော့မှာပဲကွာ*

တစ်ယောက်နဲ့တစ်ယောက်မျက်နှာမလွှဲမိသလို Janeရဲ့လက်ကလဲLiceမေးဖျားကိုကိုင်ထားကာ ငြိမ်နေမိပါတော့တယ်။

TVကြည့်နေတဲ့JijiကChaeကိုJaneတို့ခြံထဲကတက်မလာသေးတာကိုပြောလိုက်မိတယ်။

"ဟိုနှစ်ယောက်ကြာနေပီ။အပြင်ကလဲအေးနေတာကိုတက်မလာကြသေးဘူး"

"အဲ့တာဆိုChaeသွားခေါ်လိုက်မယ်လေ"

Jijiကိုပြောလိုက်ပီးSofaပေါ်ကနေလွှားခနဲပြေးဆင်းသွားတဲ့Chaeကိုကြည့်ရင်းJiji ပြုံးလိုက်မိတယ်။

"Aww...ဒီခလေးကတော့လေ။ဖြေးဖြေးသွားတာမဟုတ်ဘူး"

Chaeလဲခြံထဲဆင်းလာပြီးCar Parkingရှေ့က ခုန်တန်းလေးကိုအကြည့်ကရောက်သွားတော့။

"OMG.သူတို့..သူတို့နှစ်ယောက်ကနမ်းနေကြတာလား "

Chaeဖက်ကနေကြည့်လိုက်တော့Janeကမတ်တပ်ရပ်နေပီးLiceကထိုင်နေကာမျက်နှာမော့ထားတော့နမ်းနေတဲ့ပုံစံဖြစ်နေတာကြောင့်နောက်ကနေJaneတို့ကိုChaeအော်ခေါ်လိုက်တယ်။

"Unnie Jenတို့ဘာလုပ်နေကြတာလဲဟင်"

အော်မေးလိုက်တာကြောင့်Janeနဲ့Lice​လဲလန့်သွားကာအကြည့်စုံနေရာကနေမျက်နှာချက်ချင်းလွှဲလိုက်ပီးLiceကChaeကိုရယ်ပြလိုက်တယ်။

"အာ့ ဆေးလိမ်းနေတာပါChaeလေးရဲ့"

Janeကတော့မျက်နှာလေးရဲနေကာဆေးသေတ္တာကောက်သိမ်းပီးအိမ်ထဲပြန်ဝင်မယ်လုပ်တော့Chaeကမေးလိုက်တယ်။

"Unnieနေမကောင်းဘူးလား?မျက်နှာတေရဲနေတယ်နော်"

ပြုံးစိစိနဲ့Janeကိုကြည့်ပြီးမေးလာတဲ့ Chaeကြောင့်Janeကပိုရှက်သွားကာမျက်နှာကိုအောက်ငုံ့ထားမိတော့တယ်။

"အာ့ အာညီး နဲနဲအေးသွားလို့။အဲ့ အဲ့တာကြောင့် အိမ်ထဲဝင်နှင့်ပီနော်"

*အရေးထဲစကားတေကဘာလို့ထစ်နေရတာလဲRuby Janeရယ်။ဟိုလူကြီးကလဲရယ်နေတယ် အမြင်ကတ်စရာ*

စကားတေဖစ်အကာChaeကိုပြန်ဖြေပြီးအိမ်ထဲကိုချက်ချင်းပြေးဝင်သွားပါ​တော့တယ်။ရှက်သွားတဲ့JaneကိုChaeနဲ့Liceကကြည့်ကာရယ်လိုက်ပါတော့တယ်။

🌏You Are My World🌏(Completed)Where stories live. Discover now