Part-52🌏

4.2K 368 47
                                        

Jijiကအမြဲတမ်းအစောကြီးထတဲ့သူမို့အရင်နိူးနေကာဘေးမှာအိပ်ပျော်နေဆဲဖြစ်တဲ့ချစ်ရသူChaeရဲ့ပါးဖောင်းဖောင်းလေးကိုအူယားပြီးလက်ညိုးလေးနဲ့အသာတို့ထိလိုက်မိတယ်။

"အိပ်ပုတ်လေး။ခုထိကိုမနိူးသေးဘူး."

ပါးလေးကိုထိလိုက်တာကြောင့်Chaeတချက်ငြီးလိုက်ပေမဲ့မနိူးတာကိုကြည့်ပီးJijiပြုံးလိုက်မိတယ်။

"ရေပဲအရင်ချိုးလိုက်တော့မယ်။ပြီးမှအိပ်ပုတ်လေးကိုနိူးရမယ်"

Jijiအိပ်ရာထဲကထပီးရေချိုးခန်းထဲကိုဝင်သွားတော့မှChaeအိပ်စုန်မှုန်မွှားနဲ့နိူးလာကာဘေးကိုစမ်းရင်း.Jijiကိုမတွေ့တာကြောင့်

"Jiji...Jiji.ဟင်.ဘယ်ရောက်သွားတာလဲ.."

Chaeအိပ်ရာထဲကလူးလဲထလိုက်ကာရေချိုးခန်းထဲက​နေရေသံကြားမှ......

"Aww...ငါလေးကလဲနော်။အရမ်းချစ်မိတော့အဖြစ်သဲနေမိတယ်။Jijiရေချိုးနေတာပါကွာ။မထူးပါဘူးငါ ပြန်အိပ်လိုက်မယ်။ဒါမှJijiငါ့ကိုMornee Kissလေးနဲ့နိူးပေးမှာ။ဟီး ဟီး."

ကိုယ့်အတွေးနဲ့ကိုယ်ရယ်လိုက်ရင်းစောင်ကိုခြုံကာChaeပြန်အိပ်ပျော်သွားပါတော့တယ်။

Janeအခန်းဖက်ကနေLiceအခန်းဖက်ကိုDaraကူးလာရင်းတံခါးခေါက်လိုက်ပါတယ်။

"ကောင်ဇိုးလေး။ကောင်ဇိုးလေး။အာ့ဒီခလေးကတော့ခုထိမနိူးသေးတာလား။Lili Liliရေ။ထတော့လေ...."

Daraအပြင်ဖက်ကနေတံခါးကိုအဆက်မပျက်ခေါက်ပီးအော်နိူးနေပေမဲ့Liceကတုန့်ပြန်မှု့မရှိပေ။မနေ့ညကအချိန်မတော်ရေချိုးမိတာနဲ့ လက်ကအနာရှိန်ရောပီးLiceဖျားပီးအိပ်ပျော်နေတာကိုမသိပဲDaraစိတ်တိုသွားပါတော့တယ်။

"Yarrr...Lalisaတီလေးစိတ်တိုလာပီနော်။ထတော့လို့နိူးနေပီမလား။တံခါးကိုလဲအမြဲတမ်းLockချထားတယ်။အာ့ ဒီခလေးကတော့ကွာ."

Daraအဆက်မပျက်တံခါးကိုခေါက်ရင်းJaneပြောတဲ့စကားတေကိုသတိရကာ...

"မဟုတ်မှ။မနေ့ညကJaneလေးဘာမှပြန်မဖြေခဲ့တာကိုစိတ်ညစ်ပီးညကအိပ်မပျော်လို့ခုမနက်မနိူးတာများလား။မဖြစ်သေးပါဘူး။ငါ့အခန်းထဲက သော့အပိုယူပီးသူ့အခန်းကိုဝင်ရမယ် ..."

🌏You Are My World🌏(Completed)Where stories live. Discover now