6

7.9K 420 9
                                    


(un)

Clin.....Clin 📲

"မောင်~ မောင် ဖုန်းလာနေတယ် ၊ ရေချိုးခန်းက ထွက်ခဲ့အုံး "

ရှောင်ကျန့် အဝတ်ခေါက်ရင် ၊ မောင် ရေချိုးခန်းထဲက ကြားမည်အသံလောက် အော် ပြောလိုက်သည် ။ ရေကျသံ‌တွေနဲ့ သူပြောသည့် စကားအသံကို တုံ့ပြန်လာချင်းမရှိတဲ့ မောင်ကြောင့် ၊ ရှောင်ကျန့် ဆက်မခေါ်တော့ဘဲ အဆက်မပျတ်မြည်းနေသည့် ဖုန်းကို ကောက်ကိုင်လိုက်တော့သည်။

"ဟ~~"

"ရိပေါ် ~ပိုင် ဖုန်းအဆက်မပျတ်ခေါ်နေတာ ၊အခုမှာ ဘာလို့ ကိုင်ရလဲ 'ဟင့် 'ရိပေါ် ပိုင်ကို အလေးမထားတာလား "

ဟလို လို့တောင် ဆုံးအောင်မထူးရသေး ၊ တဖက်ခြမ်းက မိန်းကလေး၏ ဆူဝါးသောအသံဆာဆာကြောင့် ၊ရှောင်ကျန့် နား နားကပ်ထားသော ဖုန်းကို ခွာလိုက်မိသည် ။ တဖက် မိန်းကလေးရဲ့ ပြောပုံဆိုပုံတွေက မောင်အပေါ် အရမ်းကို အပိုင်တစ်ယောက်လို ပြောဆိုနေတာဖြစ်သည် ။

ရှောင်ကျန့် တိုနေသည့် စိတ်ကို ဆွဲဆန့်လိုက်ပြီး ၊သူပြောနေကျစကားအတိုင်း လေပြေလေးဖြစ် အေး"ချမ်း"တဖက်လူကို ရှင်းပြလိုက်သည် ။

"အခု ဖုန်းကိုင်နေတာ မောင်မဟုတ်ဘူး တဖက်ကမိန်းကလေး ၊ မောင် ရေချိုးခန်းသုံးနေလို့ ကိုယ်ဖုန်းကိုင်လိုက်တာ ၊ တဖက်က မိန်းကလေး အမှာပြောစရာရှိရင် ကိုယ်ကို ပြောခဲ့လို့ရတယ် ~~"

"တစိမ်းလူ နဲ့ စကားပြောရတာ တို့အတွက် အချိန်မရှိဘူး ၊ ရိပေါ် ထွက်လာရင် ချင်ပိုင်ပိုင် ဖုန်းဆက်တယ်ဆိုပြီး ပြောလိုက် "

အထက်စီးဆန် သော တဖက်ဖုန်းက မိန်းကလေးစကားသံကို နားထောင်ပြီး ရှောင်ကျန့် အလိုမကျစွာ သုန်မူန်သွားမိသည် ၊ ချင်ပိုင်ပိုင် ထို မိန်းကလေးပြောသွားသည့်နာမည် ကို ရှောင်ကျန့် ဦးနှောက်သေးသေးလေးထဲကနေ ထိုနာမည်ကို စဉ်းစားနေမိသည် ။

တိကနဲ ထွက်ပေါ်လာသော စကားသံနဲ့တူ ပုံရိပ်ကို ရှောင်ကျန့် ဖမ်းမိသွားတော့သည် ။ ချင်ပိုင်ပိုင် ~ထို မိန်းကလေးက ရှော့ပင်းမောလ်မှာ မောင်နဲ့တွဲတွေ့လိုက်ရသော မိန်းကလေးမဟုတ်လား။ အဲဒီ မိန်းကလေး ကို ရှောင်ကျန့် တွေ့စထဲက သဘောမကျပေ ၊ မောင်ကို ဆို အပိုင်လို့ သဘော အရမ်းပြလွန်းသည့် သူမကို ရှောင်ကျန့် အလိုလိုနေရင် သိပ်မကြည်တော့ပေ ၊

 ~   Mg  ~(Completed)Where stories live. Discover now