25

5.4K 287 8
                                    

(un)

ကျစ် !စောက်ပြသနာတော့တက်ပြီး ဖုန်းဆက်ဖို့ ဖုန်းလိုက်ရှာတာ မတွေ့တော့တာကြောင့် ရိပေါ် ခေါင်းမီးတောက်နေရသည် ။ ကျန် ခဲ့သော ကောက တခုခု တွေးထင်နေပြီး ဝမ်းနည်းနေမှာကိုလဲ ရိပေါ်မလိုချင်ပါ ဒါကြောင့် မို့ ထို ဖုန်းကို အသဲအသန် လိုက်ရှာနေရတော့သည်။

လက်တော့ပ်ကိုင်၍ အခန်းထဲသို့ ရေးကြီးသုတ်ပျာ ဝင်လာသောဟောက်ရွှမ်းကို ကြည့်ပြီး ရိပေါ် ‌မျက်မှောင်ကုပ်ရင်းသာ ကြည့်နေမိသည်။

"ရိပေါ် အခြေနေ စဖို့ အစည်းဝေးခေါ်မှာ ရတော့မယ် ၊ဒီအဘိုးကြီး လူပ်ရှားတာ အရမ်းမြန်နေပြီး "

"ပြစမ်း "

ဟောက်ရွှမ်းလက်ထဲက လက်တော့ပ်ကို ရိပေါ် လှမ်းဆွဲယူလိုက်ပြီး မျက်ခုံးတန်းနှစ်ဖက် စုကျုံသွားမတက် စိုက်ကြည့်နေမိသည် ။ နောက်တော့ ‌လက်တော့ပ် ကို ဟောက်ရွှမ်းဆီ လှမ်ပေးလိုက်ပြီး ဒေါသကို အစွန်းဆုံးထိ လွှတ်ချမပြစ်ဘူး စိတ်ကို ထိန်းချုပ်ထား ၍ ဟောက်ရွှမ်းကို ကြည့်လျက် ~~

" အခုချက်ချင်း meeting ခေါ်လိုက် ဟောက်ရွှမ်း ငါတို့ ဖက်က အသားမရရင်တောင် ရှိတယ် အရိုးကို ရိုက်ချိုးပြီး ကုပ်ဆွဲထားရမယ် "

"အင်း နားလည်းပြီး ~~ဒါဆို ငါသွားပြီး ၊ အော် ဒါနဲ့ ခဏ မင်းဘာရှာနေတာလဲ "

အပြင်ထွက်ဖို့ ပြင်နေတဲ့ ဟောက်ရွှမ်းကတခုခုသတိရ၍ ရိပေါ်ကို မေးလိုက်သည် ။ သူဝင်လာတုန်းကရိပေါ်က ပစ္စည်းတခုခုကို အသဲသန်ရှာနေတယ်လို့ ထင်တာကြောင့်ဖြစ်သည်။

"ငါ ဖုန်း ပျောက်နေလို့ "

"အထားမှားတာလား "

"မဟုတ်ဘူး လေယာဉ်အဆင်းချိန် ငါမှာရှိသေးတယ် ၊ ဒီကို ရောက်လာထိ ရှိတယ် အလုပ်တွေမအားလို့ ဖုန်းကို ဂရုမပြုမိတာ အခုဖုန်းဆက်ဖို့ ရှာမှာပျောက်နေတာသိတယ် "

"ဒါဆို တနေရာရာမှာကျခဲ့ပြီး နဲ့တူတယ် ၊ အရေးကြီးအချက်လက်တွေ ပါလား "

"မပါဘူး ဖုန်းတွေမှာ ငါအဲဒါတွေကို လက်လွတ်စပယ် မထည့်ထားတက်ဘူး "

 ~   Mg  ~(Completed)Where stories live. Discover now