16

8.1K 401 8
                                    


(un)

"အမောင်ကျိုးချန် ~~စီးအီးအိုက မင်းကို ကြွခဲ့ပါအုံးတဲ့လေး "

ခပ်ရွဲရွဲဆိုလာသော ဌာမှူကြီး အသံကြောင့် ကျိုးချန် နှာရူံ့ပြလျက် ၊ နဘေးရှိ ရှောင်ကျန့် ဘက်သို့ ငဲ့ကြည့်ရင် ~~~~

"အော် ~~တချို့ တချို့လူတွေများ အချစ်နဲ့တွေ့တော့ လူငယ်လေးပမာနုပျို ယုယွနေတာဘဲကွာ"

‌အလုပ်ကိုသာ အာရုံစိုက်နေသော ရှောင်ကျန့် သည့် ကျိုးချန် ၏ ထို ခနဲသဲ့သဲ့ အသံစကားကြောင့် ခေါင်းကိုငုံလျိုထား၍ လက်တောပ့်ကို စိုက်ကြည့်နေတဲ့အတိုင်း ~~~~

"အပေါက်ကလေးပိတ်ပြီး မင်းဘိုးအေးဆီ သွားလိုက်ရင်း ~~ဘောက်ဆုတောင်ရမယ်ထင်တယ် "

"ဟော့် ~~ဘလိုင်ကြီး  နှင်နေပါလား "

"ကျိုးချန် ငါအလုပ်လုပ်နေတယ်ကွာ~ကျေးဇူးပြုပြီးသွားပါတော့ ကွာ "

ပါးစပ်ပိတ်၍ဘေးမှာ ထသွားသော ကျိုးချန်ကို တချက်ငဲ့ကြည့်ပြီး ရှောင်ကျန့် ခေါင်းခါမိသည် ၊ဒီကောင် အလိုမကျရင် ဌာနထဲကလူတွေကို တမျိုးပြီးတမျိုးရစ်ပြီး ခနဲတက်တာဘာအကျင့်ဆိုတာရှောင်ကျန့်နားမလည်ပေ ၊အခုလဲ ဘယ်သူကို ရွဲစောင်းပြောသွားသလဲမသိပါ။

ဒေါက်!ဒေါက်!!

"ဝင်ခဲ့ ~~~"

အထဲကအသံပြုတာနဲ့ ကျိုးချန် တံခါးတွန်းဖွင့်၍သာ ဝင်လာလိုက်တော့ သည် ၊မျက်နှာကတော့ အလိုမကျသလို့ ဆူပုတ်ပုတ်နဲ့ရယ်~~~~။

"စီးအီးအို အခေါ်လွှတ်တယ်ဆိုလို့ဗျာ~~~"

"အင်း~~မင်းလဲ ပင်ပန်းနေပြီးပေါ့ ၊ ရာထူးတိုးပေးရင်ကောင်းမလာလို့ ခေါ်ပြီးမေးကြည့်တာ ၊ မင်းအဆင်ပြေတယ်ဆို ရာထူးတိုးဖို့ကိစ္စစီးစဉ်ပေးမယ် ကျိုးချန် ~~"

"ရာထူးတိုးပေးဖို့ ! ~~မလုပ်ပါနဲ့ဗျာ ၊ကျွန်တော် ရာထူးတိုးပြီး ဒီမြေက မထွက်သွားချင်သေးဘူးဗျာ ~~ပြီးတော့ ~~"

တရက်ဆက်ပြော၍ ပြန်လဲတိတ်ဆိတ်သွားသော ကျိုးချန်ကို ရိပေါ် မျက်မှောင်ကုပ်ထစ်စွာ စိုက်ကြည့်နေမိသည် ။ သူပြောသည့်စကားထဲမှာ ရာထူးတိုးပေးပြီး နယ်မြေလွှတ်ပေးမယ်လို့ တခွန်းမှာမပါချေ ၊ ရာထူးတိုးပေးရင်ကောင်းမလာလို့ဘဲ မေးကြည့်မိတာဘဲ ရှိသည် ။

 ~   Mg  ~(Completed)Where stories live. Discover now