(un)
ပွေ့ချီယုံတမယ် ၊ရှောင်ကျန့်ကို ဖက်ခေါ်လာသည့် မောင်ကို ရှောင်ကျန့် မနိုင်ဘူးဟုဆိုလျက် ခေါင်းတခါခါဖြစ် အိမ်ထဲ ဝင်လာလိုက်တော့သည် ။ ရှောင်ကျန့် ချီထားသည့် ယွမ့်ယွမ့်ကလဲ ရင်ခွင်ထဲက ခေါင်းပြူးထွက်ရင် ဒယ်ဒီဖြစ်သူကို မျက်စောင်းတချီချီဖြစ် ကြည့်နေတော့သည် ။
ယွမ့်ယွမ့်~~အကြည့်က အကဲပိုသည့်သဘော ။
ထိုင်ခုံပေါ်မှာရှောင်ကျန့် ယွမ့်ယွမ့်ကိုပွေ့ချီထားလျက် ထိုင်ချလိုက်တော့သည် ။ နောက်တော့ သတိရစရာ တခုကို အမှတ်ရသွားတာနဲ့ ရှောင်ကျန့် မောင်ကို မော့ကြည့်လိုက်ပြီး ။
"မောင် ~~နေ့လယ်က ချင်မိန်းကလေး လာသွားတယ် "
ထိုတခွန်းသာဆို၍ ပေါင်ပေါ်မှာ ထိုင်နေသော ယွမ့်ယွမ့်၏ ဆံပင်များချွေးများနဲ့ကပ်၍ရောထွေနေတာကို ကြည့်ပြီး ခွာသပ်ပေးနေလိုက်သည် ။
ပျက်ကျသွားတယ် မျက်နှာနဲ့အတူ ရိပေါ် မျက်မူန်ကုတ်ထေ့သွားရသည် ။ကော ကိုကြည့်တော့လဲ တည်တည်ငြိမ်ငြိမ်ဖြစ် ယွမ့်ယွမ့်ကိုတောင် စနောက်နေတာကြောင့်။ ၊ဘာမှာ ရိပ်မမိသွားဘူးဆိုတာ ရိပေါ် သိလိုက်မိတယ် ။
ဒုတိယမ္ပိထပ်ထွက်လာသော ကောအသံကို ရိပေါ် နားထောင်ရင်း ၊ကော လူပ်ရှားမူပုံစံကို အကဲခက်နေမိသည် ။
"လမ်းကြုံလို့ ဝင်လည်တာတဲ့ ၊ မောင် အိမ်မှာမရှိတော့ ချင်မိန်းကလေးလဲ ခဏတဖြုတ်နေပြီး ပြန်သွားတယ် ၊မောင် ~~~~~~~"
မောင်ဟုရှည်မြဲစွာ ခေါ်တွင်လျက် အရည်လဲ့နေသော မျက်လုံးအိမ်လေးဖြစ် ဝေခွဲမရသော စိတ်၏ဒဏ်ကို ပုံဖော်ပြနေသလို့ ညှိုးနွမ်းနေသည့် မျက်နှာက ရိပေါ်ကို တခုခု အသိပေး၍ နောက်ဆုတ်စေသည့် ပုံစံဖြစ်နေလေးသည် ။
"ကော~~ကော က အိမ်ထောင်တခုကို တည်ထောင်နိုင်လောက်အောင် အင်အားမရှိပင်မဲ့ ၊မောင်နဲ့ သားလေးအပေါ်တော့ ဖြူစင်လွန်းတဲ့မေတ္တာကိုတော့ ပုံအောပေးနိုင်တယ်မောင် ၊ ဒါ~~ဒါပင်မဲ့ ဖောက်ပြန်တက်တယ် အိမ်ထောင်ဦးစီးတစ်ယောက်ကို ကော လက်ခံကြည်ဖြူနိုင်ဖို့အတွက်တော့ ~~~~~~~~~၊တောင်းပန်ပါတယ် မောင် ခြေလှမ်းတွေက အပြင်ကို ထွက်ဖို့ပြင်နေရင်း အိမ်ထဲကို ပြန်ဆုတ်ခဲ့ပါ ၊ ဂျုံနဲ့လုပ်တဲ့ မုန့်ချင်းတူတာတောင် မောင်က ပြင်ပက ဂျုံသားကို ပိုကြိုက်ရင်းတော့ သားမျက်နှာလေးတော့ ငဲ့ကွက်ကြည့်သွားပါအုံး မောင် "