(un)
"ပါးကျန့်~~~!!"
ကျောင်းဆင်းလာသော ကလေးများကြားက ထင်ထွက်နေအောင် ခုန်ဆွခုန်ဆွလုပ်၍ ပြေးလာသော သားယွမ့်ကို ရှောင်ကျန့် လှမ်းထိန်းလိုက်ပြီး ။ ဖောင်းကားနေသော ပါးစုန်မို့မို့ကလေးကို ညှစ်၍ ။
" ကျောင်းဆင်းတိုင်းမပြေးရဘူးလို့ ပါးကျန့် 'မှာ'ထားတယ်လေး ၊ စကားနားမထောင်တဲ့ ဒီလူကြီးမင်းကို ပါးကျန့် အပြစ်ပေးရမလား "
"ပါးကျန့်ကလဲ ~~ပါးကျန့်ကို ယွမ့်ကတွေ့လိုက်တော့ 'မှာ'ထားစကားကိုမေ့သွားပြီး ပီစီလေးပြေးလာမိတာကို၊အပြစ်မပေးပါနဲ့နော် အပြစ်မပေးဘဲ ကိတ်တာဝယ်ကျွေးလိုက်ပါ့လား "
အဟီးကနဲ သွားဖြဲပြလျက် ၊မျက်နှာချိုသွေးနေသော ယွမ့်ယွမ့်ကို ကြည့်ပြီး ရှောင်ကျန့် မပြုံးဘဲမနေနိုင်ပါ။
"ဝမ်ယွမ့်ယွမ့်တို့ကတော့ ကြာလေးမနိုင်တော့ဘူး "
"ဟီး ~~မွ လွမ်းလိုက်တာ ~"
ပါးတဖက်ကို အသံထွက်တဲ့အထိ မွှေးကြူး၍ လွမ်းတယ်ဟု ပလီပလာဆိုနေသည့် ယွမ့်ယွမ့်ကို မျက်စောင်းကျီ၍သာ ။
"မနက်ကဘဲ ပါးကျန့် ကျောင်းလိုက်ပို့တာပါ ၊ ကိုယ် အပိုက ဘာများချွဲပြီး ပူဆာမလို့လဲ "
"တကယ်လွမ်းလို့ လွမ်းတယ်ပြောတာကို "
"ဟုတ်ပါပြီး လူလည်လေးရဲ့ "
"ယွမ့်~~မင်းက ကလေးဟုတ်တော့ဘဲ ပါးကိုချီခိုင်ပြီး ချွဲနေတယ် ~"
အသံစူးစူးကလေးဖြစ် ပြောလာသော ၊ကလေးတစ်ယောက်ကြောင့် ရှောင်ကျန့် ပြုံးစစလေးဖြစ် အောက်ငုတ်ကြည့်မိသည် ။ ကလေးတွေက အရမ်းကို အတက်လွန်းအသိလွန်းတယ်ဆိုတာမှန်ပေသည် ။ ဖြူဖွေးနေသော အရေသားနှင် သေးသေးကွေးကွေးနူတ်ခမ်းရဲရဲလေးကို ဆူထော်ထားသည့်ကို ကြည့်ချင်းမှာ အင်မတန်ကို ချစ်စရာကောင်းလွန်းပါသည်။
"ရှီးယောင်~~မင်းကဘယ်လိုရောက်လာတာလဲ ။ ပါးကျန့် အောက်ချပေး"
ထိုကလေး၏အမည်ဖြစ်မည် ယွမ့်ယွမ့်ကခေါ်၍ အောက်သို့ချခိုင်းတာကြောင့် ရှောင်ကျန့်လဲ ချပေးလိုက်တော့သည် ။