(Un)ကုမ္မဏီထဲသို့ ဝင်လိုက်တာနဲ့ ရိုသေတမှူပြလာကြသော ဝန်ထမ်းများ ခေါင်းညိတ့် လက်ကာပြပြီး ၊ တစ်ဦးတည်းသော လူသားလေး၏ ဌာနဘက်ကို တည့်မတ်စွာ လျှောက်သွားလိုက်တော့သည် ။လက်တော့ပ်ထဲသို့ ဦးခေါင်းကို စိုက်ထားမတက် ငုတ်ဝင်နေသော ကော က ရိပေါ် ရှာစရာမလိုပါ အားလုံးထဲမှာ ထင်ထွက်၍ သူ၏နှလုံးသားကို လန်းဆန်းမှူ ပေးနိုင်ဆုံးသူလေးပေါ့။
အနားကို လျှောက်သွား၍ စားပွဲကို ခပ်တိုးတိုးကလေး လေးငါးချက်လောက် လက်ဆစ်ကွေးဖြစ် ခေါက်ရင် ကော ကို သူလာကြောင်း သတိပေးတော့သည် ။ ထိုမှာ ခေါင်းမော့ ကြည့်လာသော ကောကတခြားလူထင်သည့်ထင် ပြုံးလျက်မော့ကြည့်လာသည် ၊ သူကိုလဲတွေ့တော့ စေ့သွားသည့်နူတ်ခမ်းနဲ့အတူ မူန်ကုတ်စွာ ကြည့်လာတာကြောင့် ရိပေါ် စိတ်ထဲတွင် ရယ်လိုက်ရသည် ။
"ပြောစရာရှိလို့ ခဏလိုက်လာပေး ~"
ထိုတခွန်းသာ ရိပေါ်ပြော၍ ဌာနထဲက ခပ်တည်တည်ပြန်ထွက်လာတော့သည် ။ ဌာနထဲကို အထူးအဆန်းဖြစ်၍ ရောက်လာသော စီးအီးအိုကိုလဲ ဝန်ထမ်းများက အထူးဆန်းတဖွယ် ငေးကြည့်နေကြသည် ။သူတို့တွေ စီးအီးအို ပထမရုံးတက်တော့ကလို ရဲစစ် ပလိပ်စစ် ပြန်ပြီး အစစ်ခံရတော့မှာလားဟုလဲ တွေး၍ လဒမိူင် မိူင်ထွေကျကုန်တော့သည်။
ရှောင်ကျန့် နားသွား၍ တခုခုပြောပြီး ထွက်သွားတဲ့ စီးအီးအိုကို သူတို့ လိုက်မကြည့်ဘဲ မူန်ကုတ်နေသော ရှောင်ကျန့် ၏ မျက်နှာကို စပ်စပ်စူးစူးလှမ်းကြည့်နေကြသည်။စာရွက်လှန်သံတွေ ကီးရိုက်သံတွေ အသက်ရှူသံတွေ ရပ်တန့်သွားပြီး လူပ်ရှားမှူတွေပါ တိတ်ဆိတ်သွားတာကြောင့် ရှောင်ကျန့် ပြူးကြောင်စွာ ဌာန ထဲက ဝန်ထမ်းများကိုလှည့်ကြည့်မိသည် ။
အား!!သူမေ့နေတာ ဌာနထဲမှာကို သူကလဲသူပါ မောင်မျက်နှာကို တွေ့တာနဲ့ မျက်နှာကြော့က တင်းခံသွားပြီး ၊အရာရာကို မေ့လွယ်စွာ မောင်ကို မလိုဘူးဟု သဘောကို ပြသချင်တဲ့ စိတ်တာကြီးစီုးနေတော့သည်။
သက်ပြင်းကို ခိုးရှိူက်ထုတ်ရင် ရှောင်ကျန့် သူ၏ဌာနထဲက ထွက်လာလိုက်တော့သည် ။ ရှောင်ကျန့် ထွက်သွားပြီးဆိုမှာ အားလုံးမျက်လုံးကရှောင်ကျန့် ရဲ့နောက်ကျောတွင် ကပ်ပါသွားတော့သည် ။ ထိုကို ကြည့်ပြီး စိတ်မရှည်တက်တယ် ကျိုးချန်က လည်ချောင်းသံကြီးဖြစ် ခပ်ကျယ်ကျယ် အော်လိုက်တော့သည်။