(in)
စားပွဲပေါ်တံတောင်ဆစ်ထောက်ကာ ဆုပ်ထားသော လက်သီးဆုပ်ပေါ်တွင် ပျင်းတွဲစိတ်ပျက်နေသော မျက်နှာဖြစ် ကျိုးချန် မျက်နှာတင်ထားသည် ။ ခန္ဓာကိုယ်၏မှမလိုက် သူခြေထောက်ဖက်ကာ တအီအီဂျစ်ကျနေသော ယွမ့်ငယ်ကြောင့် ကျိုးချန် မှာ စိတ်ပျက်တာထပ် ယွမ့်ငယ်ကို ဘာလို အလိုလိုက်မိသလဲလို့ စဉ်းစားမိကာ နောင်တရနေမိတော့တာဖြစ်သည်။
"ယွမ့်ငယ် ရဲ့ ဦးကျိုး ခြေထောက်ကို လွှတ်လို့ ~လူတွေကြည့်နေတယ် မရှက်ဘူးလား "
ငုတ်ကြည့်၍ လေသံဖြင့် ကျိုးချန် ပြောကာ ဌာနထဲက လူများကို မေးငေ့ပြလိုက်သည် ။ ထိုကို မရှက်ပါဟုဆိုသော မျက်နှာဘေးဖြင့် ခေါင်းခါပြသော ယွမ့်ငယ်ကြောင့် ကျိုးချန် မှာ အားအင်ယုတ်ယွင်းသွားသလို့ ဖြစ်သွားရ၏ ။"ကျိုးချန် "
"အေး လုလု ပြော "
"ဒါက ~~~"
"အား !!"
အားဆိုသော အသံကျယ်ကြီးက ဝမ်ယွမ့်ယွမ့် အသံဖြစ်၏ ။ အလယ်တန်းအရွယ်ရောက်နေပြီး မရှက်မကြောက်စွာ ကြွေပြားပေါ် လဲချစွာ လူးလိမ့်၍ အော်လိုက်သော ဝမ်ယွမ့်ယွမ့်ကြောင့် အလုပ်ကြောင်းပြောဖို့ အစချီနေသော လုလုလန့်၍ လက်ထဲက ဖိုင်တွဲများယောင်ရမ်းကာ လွှတ်ချမိတော့သည် ။ ကျိုးချန်မှာလဲ မျက်လုံးကြီးပြူးကျယ်ကာ ဘာဖြစ်တာလဲဟု ပျာပျာသလဲ ငုတ်ကြည့်မိ၏ ။
"ဘာဖြစ်တာလဲ "
"ဦးကျိုး သားကို မချစ်တော့ဘူး "
"ဘာ~ဘာကိုလဲ "
"ဦးကျိုးက သားကိုမချစ်တော့ဘူး ၊ရုပ်ဆိုးတဲ့ အားရီ ဆိုးဆိုးတွေကိုဘဲ လိုက်ကြည့်တော့တယ် "
ခွီး!!
ဝမ်ယွမ့်ယွမ့် ရဲ့ စကားသံလဲဆုံးရော ဌာနထဲရှိဝန်ထမ်းများ မအောင့်အီနိုင်စွာ ခွီးခနဲ အသံထွက်အောင် ရီမိတော့သည် ။ မရီနိုင်တာ လုလု နဲ့ ကျိုးချန် ဖြစ်သည် ။လုလုက သူမကို တဖက်လှည့်စွာ ရုပ်ဆိုးတဲ့ဟု ဆိုလာသော ကလေးကြောင့် မျက်နှာကြီးမည်းမှောင်လျက် အံကြိတ်ထားမိတော့သည် ။ ဘောစ့်သားမို့ ပြန်မပြောရဲတာ တခြားကလေးတာဆို ခေါင်းခေါက်ပြီး သူမ အော်ပြစ်လိုက်မိမှာ။