intro

16.8K 1K 34
                                    


.
.
unicode. .

.
.
"ဟူး."

သက်ပြင်းတစ်ချို့ချလိုက်မိသည်..
ငယ်စဉ်ကတည်းကမိဘမဲ့ဖြစ်ခဲ့တဲ့သူက
ကျောင်းတက်ဖို့အတွက်အတော့်ကို
ရုန်းကန်ခဲ့ရတာဖြစ်သည်..မရေမတွက်နိုင်
အောင်အချိန်ပိုင်းအလုပ်ပေါင်းစုံလုပ်ရင်း

jung hoseok ဆိုသောသူနှင့်ခင်မင်ရင်းနှီးခွင့်
ရခဲ့သည်..jung hoseok ကအောင်မြင်နေပြီ
ဖြစ်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်
ဖြစ်ပြီးတော့jungkook အချိန်ပိုင်းလုပ်နေတဲ့
ဆိုင်ကိုအမြဲလာတာကြောင့်ရင်းနှီးသွားခဲ့ကြ
ခြင်းပင် စီးပွားရေးသမားပီပီ စီးပွားရေး
ဆန်ဆန်အတွေးအခေါများရှိတဲ့ junghoseok
နှင့်အတူတူနေမိတာကြာလို့များလား
မသိ သူကိုယ်တိုင်လဲ စီးပွားရေးဆန်ဆန်
တွေးခေါ်တတ်လာသည်.

စီးပွားရေးနှင့်ပတ်သတ်လျှင် jung hoseok
သိသလောက်နီးပါးသူလဲသိလာသည်
ထိုအချိန်ကသူ့အသက်ကား17 နှစ်ပင်
ရှိသေးသည်..

အခုတော့သူက အကို hobi ရဲ့ အကူအညီနဲ့
ကိုယ်ပိုင်ကုမ္ပဏီကိုတောင်တည်ထောင်
နိုင်ခဲ့ပြီဖြစ်သည်..အသက် 21နှစ်ရှိပြီ
ဖြစ်သောသူ့ကိုအခုချိန်ထိ hobi hyung
ကကလေးလေးလိုဆက်ဆံနေတုံး..

အသက် အကြောင်းပြောတော့မှသတိရမိ
သည်က ဒီနေ့ကသူ့ရဲ့21 နှစ်ပြည့်မွေးနေ့ပင်
ဖြစ်သည်..ဘယ္သူကမွအေရးတယူ
လုပ်ပေးခြင်းမရှိခဲ့သလို သူကိုယ်တိုင်
တောင်မှမမှတ်မိခဲ့..

အလုပ်လုပ်ရင်းပင်ပန်းခဲ့သမျှကိုရေပန်း
အောက်ကိုဝင်ကာဖြေဖျောက်ပစ်လိုက်သည်

"ting tong.."

စိုနေတဲ့ခေါင်းတွေကိုသဘက်တစ်ထည်ဖြင့်
သုတ်နေတုန်းတံခါးဖွင့်သံကြားလိုက်ရ
တာကြောင့်သွားဖွင့်ကြည့်လိုက်တော့
စက္ကူဘူးကြီးတစ်ဘူးဖြစ်သည်..

အပေါ်တွင်လဲစာအိတ်လေးတစ်ကတ်ပါ
သေးသည်..စာအိတ်လေးကိုယူကာဖွင့်ကြည့်
နေတုန်း..

"ဂီး....ဂရား."

မာန်ဖီသံပိစိလေးကြောင့်ဝေ့ဝဲကြည့်မိတော့
ဘယ်သူမှရှိမနေခဲ့ တကယ်ပါဘဲ နေ့ခင်း
နေ့လည်ကြီးကိုသရဲခြောက်တာများလား?
မဖြစ်နိုင်ပါဘူး!..

Baby Tiger(Completed)Where stories live. Discover now