🐯.12.🐯

5.1K 543 37
                                    


unicode. .

.
.

ဂျောင်ကုတို့ကားလေးအိမ်ကိုပြန်ရောက်
လာတော့ ညနေခုနစ်နာရီခွဲဖြစ်သည်

အဆင်သင့်မှာထားပြီးသား
ကိတ်မုန့်လေးကရှစ်နာရီမှာရောက်လာမည်
ဖြစ်တာကြောင့်ကျားပေါက်ကို
အခန်းထဲမှာသိပ်ခဲ့လိုက်ရင်းကိတ်မုန့်
တွေနှင့်အတူကျားပေါက်အတွက်
လက်ဆောင်လေးတစ်ခုကိုပါကျားပေါက်
မနေခဲ့သောအခန်းလွတ်လေးထဲ၌ပြင်ဆင်
ထားလိုက်သည်. .

ညရှစ်နာရီခွဲသွားပြီဖြစ်သည့်အပြင်
ဂျောင်ကုလဲအားလုံးပြင်ဆင်ပြီးသွားပြီ
ဖြစ်သည်...
ထိုကျားပေါက်ကလေးနိုးပြီလား
သွားကြည့်တော့ကုတင်ပေါ်မှာငုတ်တုတ်
လေးနှင့်မျက်လုံးကိုပွတ်နေသည်
အခုမှနိုးတာနေမည်...

"ကျားပေါက်နိုးပြီလား..."

"ဟုတ်"

"အောက်ကိုဆင်းကြရအောင်"

"အောက်မှာဘာလုပ်စရာရှိလို့လဲသခင်ရဲ့
ထယ်ထယ်မဆင်းချင်တော့ဘူး
တစ်ကိုယ်လုံးညောင်းပြီးကိုက်နေတာဘဲ"

"တစ်နေကုန်ဆော့ထားတော့ကိုက်ပြီနေမယ်
နေဦးဆေးအရင်လိမ်းလိုက်ကျားပေါက်
ကိုယ်လိမ်းပေးမယ်"

"ထယ်ထယ်ကိုယ့်ဘာသာကိုယ်ဘဲ
လိမ်းလိုက်ပါ့မယ် "

"ဒီဘောင်းဘီနဲ့အဆင်မပြေဘူးအဝတ်အစား
အရင်လဲမှရမယ်ထင်တယ်ကျားပေါက်"

အဝတ်လဲခန်းထဲကိုခေါ်သွားကာလဲပေးမယ်
လုပ်တော့အကြောက်အကန်ငြင်းသည်
မသိရင်အရင်ကမလုပ်ပေးဖူးတဲ့အတိုင်း

"ထယ်ထယ့်ဘာသာလဲမယ်ဆိုသွားတော့လို့.."

"ကျားပေါက်နော် ထူးဆန်းနေတယ်
အရင်ကဆိုသခင်လဲပေး သခင်လဲပေး
နဲ့လေ"

"ထယ်ထယ်မြန်မြန်လဲလိုက်မယ် ခနဘဲ"

ဂျောင်ကုရဲ့ခန္ဓာကိုယ်ကိုတွန်းထုတ်ကာ
lock ချလိုက်သည်
wait! ကျားပေါက်မျက်နှာတွေရဲနေ
သလားလို့..ဒီအကောင်ပေါက်လေး
ထူးဆန်းနေသည်ပင် အရင်ကတော့
သခင်လဲပေး သခင်လဲပေးနဲ့..

အိမ်နေရင်းဘောင်းဘီမိုးပြာရောင်ပေါင်တို
လေးနှင့်အဖြူရောင်အကျႌပွပွလေးဝတ်
ကာထွက်လာသည်

Baby Tiger(Completed)Where stories live. Discover now