🐯.1.🐯

8.9K 902 12
                                    

unicode. .

. .

jungkook အိပ်ရာနိုးနိုူချင်းလေးလံမှုတစ်ခုကို
ခံစားလိုက်ရတာကြောင့် မျက်လုံးဖွင့်ပြီး
ကြည့်လိုက်တော့ဟိုကျားပေါက်ကသူ့ရင်ဘတ်
ပေါ်မှာမှောက်ယက်ကြီးတက်အိပ်နေတုန်း
ဖြစ်သည်..

ညကလဲထိုပုံစံအတိုင်းတစ်ညလုံးနှစ်ပါးသွား
ခဲ့ကြရသည်မို့မပွင့်တစ်ပွင့်မျက်လုံးများက
သက်သေပြနေလေ၏ဘာလို့ဆိုတစ်ညလုံးသူ့
ရင်ဘတ်ပေါ်တက်ကာလာမှောက်အိပ်နေတဲ့
ထိုကောင်ကြောင့်ပင် ပြန်ချလိုက်
ပြန်တက်လာလိုက်ဖြင့်အလုပ်ရှုပ်နေရင်း
ဘယ်နှစ်နာရီထိုးလို့ထိုးသွားမှန်းမသိ

အား!ဒီကောင်နဲ့မှငါ့ရဲ့hot boy image
ပါပိက်တော့မယ်..အခွက်လိုက်ညိုနေတဲ့
မျက်ကွင်းကိုလက်ဖြင့်တသသကိုင်ရင်း
ကြေကွဲနေပေမဲ့ထိုကျားပေါက်ကတော့
ကုတင်ပေါ်မှာတရှူးရှူးနဲ့အိပ်နေလေရဲ့

အိပ်နေတုန်းဆောင့်ကန်ချလိုက်ရမလား??

မျဖစ္ဘူး! တော်ကြာငါ့ခြေထောက်ကို
လာကိုက်နေမှဒုက္ခ

ရင်နာနာနှင့်ပင်ထိုအကောင်းဘက်ကိုမကျေ
ကြည့်ကြည့်လိုက်ရင်းရေချိုးခန်းထဲကို
ဝင်ကာကိုယ်လက်သန့်စင်ရတော့သည်

ရေမိုးချိုးပြီးစိတ်ကြည်လင်သွား
တာကြောင့် bathrobe တစ်ထည်ပတ်ကာ
အပြင်ကိုပြန်ထွက်လာလိုက်ရင်း.

"အား...!!!!"

ထိုအသံကေတာ့ jungkook ရဲ့vocal
ပင်ဖြစ်လေသည် စိတ်ကြည်လင်
နေတုန်းအနောက်ဓာတ်ဝင်တယ်ဘဲပြော
ရမလား ထိုကျားပေါက်က
သူ့အိမ်ရာပေါ်မှာ အီးပါချနေသည်တဲ့လေ

jungkook အော်လိုက်တော့မှ လန့်ဖြန့်
ကာမျက်နှာငယ်လေးနဲ့ပြေးလေ၏
တိရိစၦာန်ဆိုတော့သွားပြောလို့ကလဲ
မဖြစ်ပြန် မွေးနေ့လက်ဆောင်နှင့်မတူဘဲ
အရှုပ်ထုပ်တစ်ကောင်နှင့်သာတူနေသည်

အော် ဘဝဘဝ! အချိန်ပိုင်းလုပ်ရတာတောင်
ဒီလေို အီးကျုံးရတဲ့အထိမဟုတ်ခဲ့
အခုတောသူ့မှာအီးကျုံးဘွဲ့ရတော့မည်

ပေနေသောကုတင်ပေါ်က ပစ္စည်းတွေကို
လဲလှယ်လိုက်ပြီး မီးဖိုချောင်သို့
ထွက်လာလိုက်သည်...

Baby Tiger(Completed)Where stories live. Discover now