🐯.14.🐯

4.9K 491 10
                                    

unicode. .

. .

"ကျားပေါက်မလိုက်ဘူးလား
ကိုယ်ကုမ္ပဏီသွားတော့မှာနော်"

လှည့်မကြည့်ဘဲထိုအတိုင်းလေးမသိ
ချင်ယောင်ဆောင်နေတဲ့ကျားပေါက်က
မနေ့ကတည်းကကျားပေါက်ပုံစံပြောင်း
ထားတာအခု ထိပင်ဖြစ်သည်

"ကိုယ်သွားပြီနော်ကျားပေါက်ရေ!
မိုးရွာမလားမသိဘူးကွာ ကျစ်
ဒီမိုးကတော့အသေရွာမဲ့ပုံဘဲမိုးတွေလဲ
ခြိမ်းမယ်ထင်တယ် အဟမ်း!"

မသိချင်ယောင်ဆောင်ကာနောက်ကျောပေး
ပြီးလှဲနေသောကျားပေါက်မကြားကြားအောင်
အော်ပြောလိုက်တော့ဇက်ကလေးပုဝင်
သွားသည်ကိုသေချာမြင်လိုက်ရသည်မို့
ဂျောင်ကုကြိတ်ရယ်မိသည်

ဒီကျားပေါက်ကမိုးခြိမ်းရင်နေမရထိုင်မရ
ဖြစ်နေတတ်သည်
ထိုအချိန်မျိုးဆိုဂျောင်ကုမှာစပ်ဖြီးဖြီး
နဲ့ရယ် ဘာလို့ဆိုသူ့ကိုအတင်းဖက်
ထားသောထိုကျားပေါက်လေးကြောင့်ပင်
အပြင်မှာလဲထိုကျားပေါက်ကြောက်နေမဲ့
ပုံလေးကိုမြင်ယောင်လာသည်မို့
စပ်ဖြီးဖြီးနဲ့ဖြစ်နေမှာအသေအချာပင်...

မသိချင်ယောင်ဆောင်ကာဆက်ပြီး
ထိုင်နေဆဲဖြစ်သောကျားပေါက်ကြောင့်
attention ရရန်အတွက်ဂျောင်ကုမှာ
စတင်ကြိုးပမ်းရတော့သည်

ကားသော့ကိုဖွင့်ကာကားစက်နှိုးလိုက်သည်
ရစ်စိန်လေးကအခုထိထွက်မလာသေးချေ

ဂျောင်ကုခဏစောင့်ရင်းကားဘီးတွေကို
ဖြေးဖြေးချင်း ရွေ့လျားအောင်
လုပ်နေလိုက်ရင်းအပေါ်ထပ်ရှိအခန်းလေးကို
မသိမသာလေးစောင်းငဲ့ကြည့်မိလိုက်သည်

အရိပ်အယောင်ပင်မမြင်ရသေးတာကြောင့်
ဂျောင်ကုရှုံ့မဲ့မဲ့ဖြစ်ချင်လာသည်
ဒီကလေးတကယ်ကြီးစိတ်ကောက်တော့
မလို့လားမသိ!တကယ်တော့
သူကိုယ်တိုင်လဲတယောက်ထဲ
မသွားချင်တာကြောင့်ဒီလိုမျိုး
ရစ်နေရခြင်းပင်ဖြစ်သည်....

"သခင်ရေ ခနစောင့်ဦးလို့....!!"

မျှော်နေသောအသံလေးနှင့်အတူ
အိမ်အဝကိုရောက်နေပြီဖြစ်သော
ဂျောင်ကုရဲ့ကားလေးဆီကိုပြေးလာတဲ့
အရိပ်ကလေးကိုမြင်တော့မှသာ
ပြုံးနိုင်တော့၏

Baby Tiger(Completed)Where stories live. Discover now