.
.
unicode. ..
.
ကုမ္ပဏီကိုသွားသည့်အချိန်မှလွဲ
suit အပြည့်ဝတ်ဆင်လေ့မရှိသောဂျောင်ကုက
ယနေ့မှာတော့ အနက်ရောင်suit အပြည့်ကို
ဝတ်ဆင်ထားကာကားအဖြူလေးထဲမှ
စတိုင်ကျကျထွက်လာကာအဆောက်အဦ
တစ်ခုအတွင်းသို့ဝင်သွားလေသည်
အပြုံးအရယ်မဲ့နေသောဂျောင်ကုရဲ့
မျက်နှာကမြင်နေကြပုံစံမျိုးမဟုတ်ပါဘဲ
အနည်းငယ်ထူးဆန်းနေသယောင်တောင်
ထင်နေရ၏ပြုံးရီနေတတ်သောဂျောင်ကုရဲ့မျက်နှာက
ဒီလိုဖြစ်နေတယ်ဆိုမှတော့လဲ..အင်းစဉ်းစား
စရာဘဲပေါ့...hwa ကုမ္ပဏီကြီးသည် ကိုရီးယား
နိုင်ငံတွင်ပင် top.2 ကုမ္ပဏီကြီး
ဖြစ်နေသည်မဟုတ်ဘဲသူမရဲ့မွေးရပ်မြေ
ဖြစ်တဲ့တရုတ်အပြင်တခြားသော
နိုင်ငံအရပ်ရပ်မှာပင်နာမည်ရတဲ့
စီးပွားရေးသမားတစ်ယောက်ဖြစ်လေသည်"ရောက်လာပြီလားmr.jeon
စောသားဘဲ...မဆိုးပါဘူး
တို့ကအချိန်တိကျတဲ့သူမျိုးကိုသဘောကျ
တတ်တာလေ.."သူမကခပ်နွဲ့နွဲ့လေးပြုံးကာပင်
"ထိုင်ပါဦး.."
သူမရှေ့ကခုံမှာခြေပေါ်ခြေချိတ်ပြီး
ဝင်ထိုင်လိုက်သည် ဖြူဖွေးနေသော
အသားအရည်ရှိသည့်သူမက ဂျောင်ကုရဲ့
မျက်လုံးထဲမှာတော့ပိတ်စအဖြူကြီး
တစ္ခုအလား..သူ့ကျားပေါက်ရဲ့
အဖြူမကျအညိုဘက်လဲမသွားသည့်
အသားအရည်လေးကိုသာနှစ်သက်ပါသည်အသားကိုဆေးဆိုးသည့်အဖြူရောင်
များလောင်းထားသည့်အတိုင်းဖွေးနေသည့်
ထိုအမျိုးသမီးကဆယ်ကျော်သက်လောက်မှာ
တင်အနောက်နိုင်ငံမှာပြောင်းရွှေ့နေထိုင်
ခဲ့သည်တဲ့လေအဲ့တာကြောင့်ပေါ့ဒီလောက်ရဲတင်းနေတာ
အနောက်နိုင်ငံသားတွေကရဲတင်းကြသည်
မဟုတ်ပါလား...?"project ကိစ္စ?"
"အဆင်ပြေတာပေါ့ တို့မင်းကို
ကြည့်ရုံနဲ့တင်ဘယ်လိုလူမျိုးလဲ
ဆိုတာသိနေပြီးသားလေ...ရှေ့လျှောက်
လက်တွဲသွားဖို့အတွက်မျှော်လင့်ထားပါမယ်"ဂျောင်ကုမျက်ခုံးတစ်ဖက်ကိုခပ်ဆဆလေး
ပင့်တင်ရင်းမေးမိလိုက်တော့သူမရဲ့
မဆိုင်းမတွပြန်ဖြေသံနဲ့အတူနှုတ်ခမ်းပါး
တစ်စုံကဆွဲဆောင်မှုပြင်းစွာပြုံးပြသည့်
အပြုံးတစ်ခုနှင့်ဂျောင်ကုရဲ့မျက်နှာရှေ့
တည့်တည့်ကိုရောက်လာသော
လက်တစ်ဖက်...