🐯.20.🐯

4.8K 442 10
                                    

unicode. .

.
.
ဂျောင်ကုကုမ္ပဏီကိုတစ်ယောက်ထဲ
ရောက်လာခဲ့တာဖြစ်သည်..

ကျားပေါက်ကဒီနေ့မှ ထူးထူးဆန်းဆန်း
ဖြစ်နေသည်အရင်ဆိုမလိုက်ပါနဲ့...
ပင်ပန်းမှာဆိုးလို့ပါဆိုတာတောင်
ရဘူးရဘူးဆိုပြီးအတင်းလိုက်တာ

ကျားပေါက်တစ်ခုခုဘဲ...!

ဂျောင်ကုစိတ်ထဲအိမ်ပြန်သွားကာ
ကျားပေါက်ဘာလုပ်နေတာလဲဆိုတာကို
သိချင်သည့်စိတ်တို့ကသာကြီးစိုးလာသည်

ကျားပေါက်ကမဟုတ်တာတော့
မလုပ်လောက်ပါဘူး..!!

ရင်ထဲမအီမလည်နဲ့တစ်မျိုးကြီးဖြစ်နေ
ပေမဲ့ကုမ္ပဏီရောက်ရောက်ချင်း
ဗြုန်းစားကြီးလဲထပြီးမပြန်ချင်..

ညနေစောင်းအလုပ်ဆင်းချိန်ရောက်တာနဲ့
ဂျောင်ကုအချိန်မဆွဲတော့ဘဲအိမ်ကိုပြန်
လာခဲ့လိုက်သည်...

သိပ်ပြီးခံစားချက်တော့မကောင်းချေ
ဖိနပ်ချွတ်ပြီးအိမ်ထဲကိုမျက်စိ
ကစားကြည့်မိသည်...
ကျားပေါက်ဘယ်ရောက်နေတာပါလိမ့်

အိပ်ခန်းထဲအထိလှည့်ပတ်ရှာကြည့်ပြီး
တစ်အိမ်လုံးနှံ့သွားတာတောင်မှကျားပေါက်ကို
မတွေ့သေးတာကြောင့်ဂျောင်ကုမျက်လုံးတွေ
တွန့်ချိုးမိလိုက်သည်..

ထိုစဉ်အိမ်တံခါးဝကနေအရိပ်အခြေကြည့်ကာ
ဝင်လာပုံရတဲ့အရိပ်ကလေးကြောင့်
ဂျောင်ကုမမြင်အောင်လို့ပုန်းနေလိုက်သည်

လက်ထဲမှာလဲတစ်ခုခုကိုကိုင်လာလေသည်...
သေချာကြည့်တော့မှစာရွက်တွေ..
အဝတ်အစားကလဲအသစ်တွေနဲ့..
ကျားပေါက်ဘာထွက်လုပ်တာပါလိမ့်...

အခန်းထဲကိုလုံးတုံးလုံးတုံးနှင့်ဝင်သွားသည်
တွင်ဂျောင်ကုအနောက်ကနေမသိမသာ
လိုက်ပြီးချောင်းလိုက်သည်...

ဒီကောင်လေးအပြင်ထွက်ပြီးဘာလုပ်နေလဲ
ဆိုတာကိုသိရမှကိုဖြစ်မည်..

စာရွက်ကိုကုတင်အောက်ခြေထဲကိုထိုးထည့်
ထားပြီးအိမ်နေရင်းအဝတ်အစားပွပွလေးကို
ပြန်လဲနေသည်...

ဂျောင်ကုလိုက်ချောင်းနေရသည်က
ထိုအကောင်ပေါက်လေးဘာလုပ်နေတာလဲ
ဆိုတာကိုသိရဖို့အတွက်ဖြစ်ပေမဲ့ဒီမြင်ကွင်းက
သူ့ကိုနှာခေါင်းသွေးယိုစေသည်..

Baby Tiger(Completed)Where stories live. Discover now