🐯.19.🐯

4.6K 459 5
                                    


unicode. .


.
.
ကျားပေါက်နားမှာကပ်ခုပ်ကုပ်လေး
ငြိမ်ကာထိုင်နေတဲ့သူမှာဂျောင်ကုဖြစ်ပြီး
ထိုကျားပေါက်ကလေးကတော့ဆိုဖာ
ပေါ်မှာအခန့်သား..

ပေါက်ပေါက်ဆုပ်ထိုင်စားနေလေရဲ့..

"ကျားပေါက်..နောက်ကျနေပြီလေကွာ
အိပ်ရတော့မယ်လေ"

"ထယ်ထယ်မအိပ်ချင်သေးဘူး
ရုပ်ရှင်ထိုင်ကြည့်ဦးမှာ.."

ပြောလာတဲ့လေသံလေးအရဆိုရင်အခြေ
အနေကတော့အိုကေလောက်ပြီဖြစ်တာကြောင့်
ကြိတ်ပျော်သွားရသူမှာ ဗလကြီးဂျောင်ကု...

"11နာရီခွဲပီလေကွာ အိပ်ရေးမဝဘဲနေမှာ
စိုးလို့လေ သွားရအောင်နော်ကျားပေါက်"

"ထယ်ထယ်ထချင်ဘူးဗိုက်လေးနေတယ်
ချီဦး..ပြီးတော့ဒါတွေလဲမရှင်းရသေးဘူး"

လက်ညှိုးထိုးပြတဲ့ဆီကိုကြည့်လိုက်တော့
များစွာသောမုန့်ထုပ်တွေ..
အားလုံးကအခွံတွေချည်းသာဖြစ်နေတယ်
ဆိုတာကိုတော့ကြည့်ရန်ပင်မလို..

ထိုအမှိုက်တွေအားလုံးကိုရှင်းပြီးသွားတဲ့အချိန်
မှာတော့ကျားပေါက်ကဆိုဖာပေါ်ကနေ
သူလုပ်သမျှလိုက်ကြည့်နေလေသည်..

ကျားပေါက်နားကိုလျှောက်သွားလိုက်တော့
လက်ကိုဆန့်တန်းပေးသည်..
ပြောချင်တာကသူ့ကိုချီပါပေါ့..

လက်မောင်းအောက်ကနေလက်လျိုကာ
အလိုက်သင့်လေးချီပေးလိုက်တော့
အိပ်ချင်မူးတူးကောင်လေးရဲ့ခြေထောက်
တွေကဂျောင်ကုရဲ့ခါးမှာချိတ်တွယ်
လာလေသည်..

မွေ့ယာပေါ်အသာလေးချပေးလိုက်ရင်း
နို့နံသင်းနေတဲ့ပါးလေးထဲကိုနစ်ဝင်သည့်
အထိနမ်းရှုံ့လိုက်သည်...

ထယ်ထယ့်ကိုမနမ်းရဘူးဆိုပြီးအမိန့်ထုတ်
ထားတဲ့ကောင်လေးကငြိမ်သက်စွာနဲ့
လက်ခံနေတာမို့်ခေါင်းကိုစောင်းလိုက်ရင်း
နီထွေးထွေးနှုတ်ခမ်းပါးဆီကိုအခြေချလိုက်သည်

"ပြွတ်စ်..စိတ်ကောက်ပြေသွားပြီမဟုတ်လား
ကျားပေါက်လေး.."

သူ့အမေးကိုပြန်မဖြေချေ..
လှုပ်စိလှုပ်စိဖြစ်နေတဲ့မျက်ခွံလေးတွေက
ဂနာမငြိမ်ဖြစ်နေတာကြောင့်ဒီကောင်လေး
မအိပ်သေးဘူးဆိုတာကိုဂျောင်ကုအတပ်
သိပါသည်..

Baby Tiger(Completed)Where stories live. Discover now