🐯.2.🐯

8.1K 851 58
                                    



unicode. .





ကျားပေါက်ကနှုတ်ခမ်းနီမတွေဆီရောက်
နေတာဖြစ်သည်..သူ့မှာတော့ရှာလိုက်ရတာ
ဒီကျားပေါက် ခပ်လှလှတွေကိုစိတ်ဝင်
စားသည်ထင်၏..

"taehyung"

hobi ပြောသောနာမည်ကိုခေါ်လိုက်တော့
ကျားပေါက်ကလှည့်ကြည့်လာ၏

"အိမ်ပြန်ကြမယ်ကျားပေါက်..လာခဲ့"

သူ့ဆီကိုအပြေးလေးလာကာနစ်ကိုယ်လုံးကို
ပွတ်သပ်နေလေ၏

"ချီသွားရမှာလား ဒီအတိုင်းလိုက်မလား
ကျားပေါက်"

ထိုသို့ပြောလိုက်တော့သူ့လက်တွေပေါ်
ကုတ်တက်လာပြန်၏အချီခံချင်နေတဲ့
ကျားပေါက်ကလေးကိုပွေ့ချီလိုက်ရင်း
အိမ်ဆီသို့...

"ကျားပေါက်လေး.ဒီနေ့ဘာစားချင်လဲ
အော..မင်းကစကားမပြောတတ်ဘူးဘဲ
ဒီလိုလုပ်"

သူ့ဖုန်းကိုထုတ်ကာကျားပေါက်လေးရဲ့
အရှေ့ကိုချပေးလိုက်သည်ဒါလေးကို
ဒီလိုရွှေ့ ကျားပေါက်ရဲ့လက်ကိုကိုင်ကာ
မရွှေ့ပြလိုက်သည်..သဘောကျသွားသည်
ထင် မျက်လုံးရွဲကြီးတွေနဲ့ချစ်စဖွယ်ကောင်း
အောင်ကြည့်လာပြန်၏

"ဆော့ဖို့မဟုတ်ဘူးနော်ကျားပေါက်လိုချင်တာ
ရှိရင်ရပ်ပြီးလှမ်းခေါ်ကြားလား?"

တစ်ယောက်ထဲစကားပြောနေရတာနှင့်ပင်
တူနေသည် အကြောင်းမှာဖုန်းကိုလုပ်ကြည့်
ပြီးသဘောကျကာ ဖုန်းထဲမျက်နှာဝင်မတတ်
ကပ်နေတဲ့ကျားပေါက်ကြောင့်..

မီးဖိုခန်းထဲကိုထွက်လာကာရေခဲသေတ္တာကို
ဖွင့်ပြီး banana milk တစ်ဘူးဖောက်ကာ
သောက်လိုက်သည်..

"growl.."

မာန်ဖီသံပိစိလေးကြားလိုက်တာကြောင့်
သွားကြည့်တော့ကျားပေါက်ကသူ့ဖုန်းကို
ခေါင်းလေးဖြင့်တိုက်ကာရှေ့ကိုတိုးပေး
လာလေ၏

ဖုန်းပေါ်ကဟာကိုကြည့်လိုက်တော့
အမဲသား steak လျှာတသပ်သပ်လုပ်ပြ
နေတဲ့ကျားပေါက်ကိုကြည့်လိုက်ရင်း

"တော်တော်အကောင်းကြိုက်တဲ့ကောင်
မင်းက"

steak ကိုအိမ်အထိမှာရသည်..သူတစ္ပြဲ
ကိုယ္တပြဲ ထိုကျားပေါက်က အစားလဲ
ကြီးသည်...သူ့အစားကိုယောင်လို့တောင်
သွားထိလို့မရ..တစ်ခါတစ်လေကျ
ဒါကနည်းနည်းလွန်သည်..သူချည်း
အိတ်စိုက်ဝယ်ကျွေးနေရပြီးတစ်စေ့တောင်
မစားရသည့်သူ့အဖြစ်..

Baby Tiger(Completed)Wo Geschichten leben. Entdecke jetzt