Episode 33

488 118 8
                                    

အပိုင်း ၃၃

Zawgyi

ချီရှို့ယွမ်စိုးရိမ်မယ်ဆိုလည်း စိုးရိမ်ချင်စရာ ဒီနေ့က တကယ့်ကို ပြဿဒါးပင်။

ရှောင်းလီ သူ့ကိုအိမ်ရှေ့ပြန်လိုက်ပို့ပေးပြီးတာနဲ့ အဝတ်အစားလဲကာ ချက်ချင်းပင် အိပ်ရာထဲ ဝင်ခွေနေလိုက်တယ်။ သူအိပ်ရာကနိုးချိန်မှာတော့ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေကာ ဗိုက်ထဲမှာလည်း ဆာလောင်လို့နေတယ်။ စုစုကလည်း အိမ်မှာရှိမနေပြန်တာနဲ့ သူ့မှာ ဗိုက်ဖြည့်ဖို့ စားစရာ အသေးအမွှားလေးဖြစ်ဖြစ်တွေ့အောင်ရှာရုံပဲရှိတယ်။

နေ့လယ်ခင်းမှာတော့ ယောင်ကိုင်းနေတဲ့ ခန္ဓာကိုယ်ရယ် လူမမာပုံပေါက်နေတဲ့ မျက်နှာနဲ့ပဲ ကျောင်းကို တရွတ်တိုက်သွားရတော့တယ်။ ကျောင်းရောက်ပြီး မိနစ်အနည်းငယ်အကြာ ကျောင်းအုပ်ကြီးရဲ့ လက်ထောက်ရောက်လာကာ သူ့ကို စိုးရိမ်ကြောင်း စကားစမြည်လာပြောတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ အလုပ်ခဏခဏ မပျက်ကွက်သင့်ကြောင်း၊ အလုပ်ထဲမှာ စိတ်နှစ်ကာ လုပ်ဆောင်သင့်ကြောင်း၊ တခြား ရှုပ်ရှုပ်ယှက်ယှက် ကိစ္စတွေထဲ ဝင်မပါသင့်ကြောင်း အလေးပေးပြောဆိုသွားလေရဲ့။ ဆရာကျင့်ဝတ်နဲ့ အညီ အလုပ်မလုပ်တတ်ဘူးလို့ မပြောရုံတမယ်ပင်။
အတန်းချိန်ပြီးနောက်မှာတော့ အတန်းထဲက ကျောင်းသားနှစ်ယောက်ကို စိတ်ဆိုးမာန်ဆိုးဖြင့် ရုံးခန်းခေါ်ကာ ဆုံးမပြောဆိုပြီးနောက် အတန်းထဲမှာ အိမ်စာအဖြစ်ပေးခဲ့တဲ့ သချာင်္ပုစ္ဆာတို့ ပြီးအောင်တွက်ပြီးမှ အိမ်ပြန်လွှတ်လိုက်တယ်။

ယခုတော့ ဗိုက်က မခံမရပ်နိုင်အောင် ဆာလောင်လို့နေတယ်။ တစ်ကိုယ်လုံးရှိ ဒဏ်ရာဒဏ်ချက်တို့ကလည်း ယောင်ကိုင်းနာကျင်လျက်။

ည၈နာရီထိုးတော့ သူ့ဖုန်းကိုခေါ်လာတဲ့ နံပါတ်ကြောင့် သူ့စိတ်ထဲ အားပြည့်သွားသလို ခံစားလိုက်ရတယ်။

ရှောင်းယန်အသံထဲ မူမမှန်တဲ့ စိတ်ရှုပ်ထွေးမှုနဲ့ ထိတ်လန့်မှုတို့ ရောနှောနေတယ်။

" အစ်ကိုချီ... ရှောင်းလီ ဘယ်သွားလဲ အစ်ကိုသိလား။ "

" ဘာဖြစ်လို့လဲ။ "

Lawless Gangster (Myanmar Translation)Where stories live. Discover now