အပိုင်း ၅၀
Zawgyi
အချိန်အတော်ကြာတော့ အပေါ်ကနေဖိထားတဲ့ဒဏ်ကို မခံနိုင်တော့လားမသိ ရှောင်းလီ ချီရှို့ယွမ်ကို အားနဲ့တွန်းဖယ်ကာ သူ့အောက်ရောက်အောင် ပို့ကာ ပြန်ဖိထားလိုက်တယ်။ ထို့နောက် သူ့အောက်ကလူကို အပြုံးလေးဖြင့် ငုံ့ကြည့်ကာ ပါးကို ခပ်ဖွဖွ အနမ်းခြွေတယ်။
" မင်း မရိုးသားဘူးလို့ ငါတစ်ခါမှ မတွေးမိဘူး။ "
ရှောင်းလီရဲ့ အဝတ်မကပ်တဲ့ ကျောကို လက်လှမ်းကာ ပွေ့ဖက်ရင်း ကျေနပ်ပီတိဖြစ်စွာ ချီရှို့ယွမ် ရယ်တယ်။ ခေါင်းကို အသာပင့်ကာ နှုတ်ခမ်းလွှာချင်း ထိကပ်စေရင်း ရှောင်းလီလေသံကို တုပပြောဆိုတယ်။
" တကယ်တော့ မင်းလေးကလေ..... မင်းလေးက အတွေ့အကြုံနုသလိုပဲနော်။ "
" ဒီလိုကိစ္စမျိုးတွေကို ငါသိပ်မကြိုက်ဘူး။ "
ရှောင်းလီက တိုးဖျစွာဖြင့်
" ငါ ဒုစရိုက်လောကထဲရောက်တာ သိပ်မကြာခင်မှာပဲ ကျင်းတင်မှာ တာဝန်ပေးခံရတာ။ အဲ့တော့ ဒီလိုမျိုးတွေက မမြင်ချင်မှ အဆုံး နေ့တိုင်း မြင်နေရတာ။ ရံဖန်ရံခါ လိုအပ်မှသာ လုပ်ဖြစ်တာ ငါက။ မင်းလိုမျိုးမဟုတ်..... "
" ကိုယ်လည်း ဒါမျိုးတွေ သိပ်ကြိုက်တာ မဟုတ်ပါဘူး။ "
ချီရှို့ယွမ် ခပ်မြန်မြန်ပင် ဖြေရှင်းချက်ပေးသော်ငြား ရှောင်းလီမျက်ဝန်းတို့ကို ကြည့်မိတော့ မလုံမလဲ ဖြစ်သွားရတယ်။
" ဟုတ်ပါပြီဗျာ.... တကယ်တော့ ကိုယ် ကြိုက်ပါတယ်.... ဒါပေမယ့်..... "ခေါင်းကို ကြွလို့ ရှောင်းလီကို ပြင်းပြင်းပြပြ နမ်းရှိုက်လိုက်ပြီးမှ
" မင်းဖြစ်နေလို့...... ကိုယ် ပိုကြိုက်ရတာ။ "
ရှောင်းလီထံမှ မျက်စောင်းလေးတစ်ချက်ဝင့်လာပေမယ့် ဘာမှတော့ မပြော။
ချီရှို့ယွမ် လက်တို့က ရှောင်းလီ ကျောပြင်ထက်ဝယ် စုန်ချည်ဆန်ချည်။ ရှောင်းလီကိုတစ်ချက်ကာ စကားပြောဖို့ ဖြည်းဖြည်းချင်းအားယူပြီးနောက်
" ကိုယ် ကောလိပ်တက်တုန်းကပေါ့။ အရာရာက တကယ့်ကို ဖရိုဖရဲ။ အလုပ်စလုပ်တော့လည်း အဲ့လိုပဲ။ ကိုယ် တစ်ညတာအတူအိပ်ဖို့အဖော် (one night stand) တွေရှာပြီး ဘာမှန်းမသိ ပျော်ပါးခဲ့ဖူးတယ်။ နောက်ပိုင်းကျမှ တဖြည်းဖြည်းနဲ့ ခြေငြိမ်သွားတာ။ "
YOU ARE READING
Lawless Gangster (Myanmar Translation)
RomanceOriginal Author - Bai Shan Hei Shui Total - 79 chapters + 5 extras Genre - Action, Romance, Modern Time Disclaimer - I don't own any of this novel content. All belongs to the author Bai Shan Hei Shui.