အပိုင်း ၃၈
Zawgyi
မြို့ဆီသို့အပြန်လမ်းဝယ် လီရှီချင်းနဲ့ရှောင်းလီက ကားနောက်ခန်းမှာအတူထိုင်နေကြပြီး တိတ်ဆိတ်မှုက ကြီးစိုးလျက်ရှိတယ်။ ကားမောင်းနေတဲ့သူကတော့ လီရှီချင်းအတွက် နှစ်ပေါင်းများစွာ အလုပ်လုပ်ပေးနေတဲ့ သန်သန်မာမာ လူရွယ်တစ်ယောက်ဖြစ်တယ်။ ပုံမှန်ဆိုရင်တော့ ထိုလူက ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ဖြင့် လီရှီချင်းရဲ့မူပိုင် သက်တော်စောင့်တာဝန်ကို ထမ်းဆောင်လေ့တယ်။ သန်မာကြံ့ခိုင်တဲ့ ကိုယ်ခန္ဓာကို ပိုင်ဆိုင်ထားရုံမက အရိပ်အကဲခတ်တာလည်း အလွန်တော်တယ်။ ယခုလို အခြေအနေကောင်းပုံမရတဲ့အခါမျိုးမှာ သူလည်း လမ်းတစ်လျောက်လုံး တိတ်တိတ်လေးသာ နေတယ်။
မကြာခင် မြို့ထဲရောက်လာတဲ့အခါမှာတော့ လီရှီချင်းက စကားစပြောတယ်။
" မင်း အမှားလုပ်ခဲ့တာ သိရောသိရဲ့လား။ "
ကားမှန်ကနေတစ်ဆင့် ပြင်ပရှုခင်းကို ကြည့်ရင်း အတွေးတို့လွင့်မျောနေတဲ့ရှောင်းလီတစ်ယောက် ထိုစကားသံကို ကြားလိုက်ရတော့ လက်ရှိနေရာဆီ စိတ်ပြန်ရောက်လာတယ်။
" ကျွန်တော် မှားတာ ကျွန်တော်သိပါတယ် ချင်းရယ် "
ရှောင်းလီက တိုးလျစွာပြန်ပြောလိုက်တယ်။
" ဘာတွေမှားတာလဲ ပြောပါဦး "
" ဂိုဏ်းကို ဂရုမစိုက်တာ၊ ကိုယ့်စိတ်ကြိုက် ကိုယ်လုပ်လိုက်တာ... "
" ပြီးတော့ရော... "
" တဇွတ်ထိုးလုပ်လိုက်မိလို့ ဟန်ကျားကို ထိခိုက်စေခဲ့မိတာ။ "
လီရှီချင်း ရှောင်းလီဘက်သို့လှည့်ကာ လက်ဖဝါးရာထင်နေတဲ့ မျက်နှာကို အပေါ်အောက်တစ်လှည့်စီ ကြည့်လိုက်တယ်။ ထိုနေရာသို့ လက်လှမ်းကာ လက်ဖဝါးပြင်ရဲ့အပူငွေ့နဲ့ နွေးစေလိုက်ပြီး သက်ပြင်းချရင်း
" နောက်ဆုံးအချက်ကတော့ မင်းကိုယ်မင်း အန္တရာယ်တွင်းထဲ ပို့လိုက်တာပဲ။ "
ရှောင်းလီက ခေါင်းကိုအသာစောင်းကာ လီရှီချင်းရဲ့ လက်နဲ့သူ့မျက်နှာကို လာထိတာကို ရှောင်လိုက်ပြီး
YOU ARE READING
Lawless Gangster (Myanmar Translation)
RomanceOriginal Author - Bai Shan Hei Shui Total - 79 chapters + 5 extras Genre - Action, Romance, Modern Time Disclaimer - I don't own any of this novel content. All belongs to the author Bai Shan Hei Shui.