အပိုင်း ၃၄
Zawgyi
" အိမ်မက်မက်နေလိုက်။ "
ရွံရှာမှုတွေ အမုန်းတရားတွေပြည့်နေတဲ့ အကြည့်စူးစူးနဲ့ လော်တုန်းကို ရှောင်းလီ စိုက်ကြည့်လိုက်တယ်။
" မင်းမသတ်ချင်ဘူးဆိုလည်း ရတယ်လေ။ "
လော်တုန်းက ရုတ်တရက် ကျေနပ်မှုရသွားတဲ့ အပြုံးမျိုး ပြုံးတယ်။
" ဘာတွေပဲဖြစ်လာလာ မင်းတို့ကတော့ သူငယ်ချင်းကောင်းတွေဖြစ်နေဦးမှာပါလား။ ငါက မင်းတို့ရဲ့ ရင်းနှီးခင်မှုလေးကို ဒီဘဝတစ်သက်စာ ဆက်ရှိနေခွင့်ပေးမှာပေါ့ကွ။ "
လော်တုန်းရဲ့မျက်လုံးတွေက အဆိပ်ပြင်းတဲ့ မြွေဟောက်တစ်ကောင်လို အန္တရာယ် အငွေ့အသက်တို့ထုတ်လွှတ်နေကာ နှုတ်ခမ်းမှာတော့ စိတ္တဇဆန်ဆန် အပြုံးကို ချိတ်ဆွဲထားတယ်။ ရှောင်းလီကတော့ ထိုအထင်ကြီးစရာမရှိတဲ့ အမူအရာကို ပတ်ဝန်းကျင်ရှိလူအားလုံး လေထဲမှာတင် အေးခဲသွားစေလောက်တဲ့ အေးစက်စက်အကြည့်မျိုးနဲ့ ပြန်တုံ့ပြန်လိုက်တယ်။
ကိုယ့်ကိုကိုယ် စိတ်ကြီးဝင်ကာ အာဏာပြလိုသော ကလိမ်ကကျစ် အဘိုးကြီးရယ် သန်သန်မာမာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒေါသူပုန်ထနေတဲ့ လူငယ်လေးရယ် တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်ကာ အကြည့်ချင်း စစ်တိုက်လျက်ရှိတယ်။
ထိုသို့တိတ်ဆိတ်မှု ကြီးစိုးနေတဲ့ ထိုအခန်းထဲ ရယ်သံ တိုးဖျဖျက ထိုးဖောက်ဝင်ရောက်လာလေတယ်။ ဟန်ကျား ဖြည်းဖြည်းချင်းလှည့်လို့ ရှောင်းလီကို ကြည့်လိုက်တယ်။ ဟန်ကျားကိုကြည့်ရတာ စောစောကထက် စိတ်အခြေအနေပိုကောင်းလာကာ နွေးထွေးတဲ့အကြည့်တွေပျော်ဝင်နေတဲ့ မျက်ဝန်းကတော့ အပြုံးကို ဖော်ဆောင်လျက်။
" ငါ့ကို လက်စသတ်လိုက်ပါတော့ ရှောင်းလီ။ "
" ဘာအဓိပ္ပါယ်မရှိတာတွေ ပြောနေတာလဲ။ "
ရှောင်းလီ အသံတိုးတိုးဖြင့် ပြန်ပြောတယ်။
ဖျော့တော့ ညှိုးငယ်ပြီး အခက်ခဲဆုံးအခြေအနေရောက်နေတာတောင်မှ ဟန်ကျားမျက်နှာမှာ အပြုံးတစ်ပွင့်တင်လိုက်တာနဲ့ ကျင်းတင်ရဲ့ ကြော့ရှင်းတင့်တယ်လှတဲ့ မူလ လူရှုပ်လေးသွင်ပြင်က တစ်ဖန်အသက်ပြန်ဝင်လို့လာတယ်။
YOU ARE READING
Lawless Gangster (Myanmar Translation)
RomanceOriginal Author - Bai Shan Hei Shui Total - 79 chapters + 5 extras Genre - Action, Romance, Modern Time Disclaimer - I don't own any of this novel content. All belongs to the author Bai Shan Hei Shui.